"သူကမင်းကို တကယ်တော့ လက်မလွှတ်ပေးချင်ဘူးလေ"

"အဲဒါမထူးဆန်းဘူးလား!!အဖေက အချိန်အကြာကြီး နေမှ အမျိုးသမီးတစ်ယောက်ရှိလာတယ်
အဲဒါလည်း သူပြန်လာလာချင်းလေ......ပြီးတော့
သူက ရီဟွိုင်ရဲ့ စောင့်ကြည့်တာလည်းခံနေရတာကို"

သူမချစ်သူရဲ့ အမူအရာက ပြောရင်ကောင်းမလား မပြောရင် ကောင်းမလား တွန့်ဆုတ်နေခဲ့သည်။

"အဖေမပျော်ဘူးလို့ ကျွန်မခံစားနေရတယ်"

သူမချစ်သူက သူမခေါင်းကို ပွတ်သပ်ပေးလျက်
မေးလိုက်သည်။

"အဲဒီ ရီဟွိုင် သူကရော မင်းအဖေနဲ့ ဘယ်လိုဆက်ဆံရေးလဲ????"

"သူ့ကို ကျွန်မအဖေက ငယ်ငယ်လေးကတည်းက
ပြုစုပျိုးထောင်ပေးခဲ့တာ အရင်က သူနေမကောင်းဖြစ်တော့ အဖေကပဲ သူ့ကိုကုပေးခဲ့ရတာ
သူက ရှန်းမိသားစုရဲ့ အရေးတွေအကုန် တာဝန်ယူပြီး ကျွန်မကိုလည်း အဖေနဲ့ပေးမတွေ့ဘူး...ဒါပေမဲ့ အဲဒါက ဘာမှားလို့လဲ"

သူမချစ်သူက သက်ပြင်းချလျက် ပြောလာသည်။

"အဲဒီ ရီဟွိုင်က...... မင်းအဖေအပေါ်မှာ....တခြားအတွေးရှိနေတယ်လို့.....မထင်ဘူးလား????"

ရှန်းယိုလင်က သူမအဖေအပေါ်မှာပဲ အာရုံစိုက်ခဲ့ပြီး ရီဟ်ွိုင်ကို သတိမထားခဲ့ပေ။ရီဟွိုင်ရဲ့မျက်လုံးတွေက သူမအဖေအပေါ်မှာ မတူညီတာတွေလေ.........

ရှန်းယိုလင်က အားတင်းပြီး ရယ်လာသည်။

"မဟုတ်လောက်ပါဘူး!!မဖြစ်နိုင်တာ...ဟာသတွေ......"

သို့သော်လည်း သူမအဖေကိုယ်ပေါ်က အမှတ်တွေအကြောင်း တွေးမိပြီး သူမမျက်နှာ ဖြူဖျော့သွားသည်။

"ယိုလင်?????မင်းအဆင်ပြေရဲ့လား???"

"မဖြစ်...မဖြစ်နိုင်တာ......သူတို့တွေ ဘယ်လိုလုပ်...အ..အဖေက ဖိအားပေးခံရတာ နေမယ်"

သူမက ပြောပြီး ချက်ချင်းထသွားမလို့ လုပ်ခဲ့ပေမဲ့ သူမချစ်သူက သူမကို ပြန်ဆွဲထားသည်။

"အရင်စိတ်အေးအေးထားဦး၊မင်းသွားပြီး
မေးလည်း ရလဒ်က ဘာမှထူးမှာ မဟုတ်ဘူး"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now