သို့သော်လည်း ရီဟွိုင်က ရှန်းယိုလင်ကို
အန္တရယ် ကျရောက်အောင် ဘယ်တုန်းကမှ
မလုပ်ခဲ့ပေ။

[T/N ဖေဖေလေးရယ်😭]

သူက သူမကို အေးအေးဆေးဆေး ကျောင်းတက်ရအောင်ကာကွယ်ပေးခဲ့သည့်အပြင် သူမရဲ့အချစ်ရေးအဆင်ပြေအောင် အခက်အခဲအားလုံးမှ ကာကွယ်ပေးခဲ့သည်။

ချန်လီကောက သူ့သမီး သူမရဲ့လက်ရှိချစ်သူကို
ဘယ်လောက်ချစ်မှန်း လက်ထပ်ချင်မှန်း
မျက်နှာကြည့်တာနှင့် သိလိုက်သည်။

သူက သူမတို့နှစ်ယောက် လက်မှတ်ထိုးမည့်အချိန်ကိုမေးလိုက်သည်။

ရှန်းယိုလင်က နောက်လစီစဥ်ထားကြောင်း
ထစ်အစွာ ပြောလာသည်။

"အဲဒီတော့ ငါသာမလာရင် မင်းတို့ကငါ့ကို
ဒီကိစ္စ ပြောပြဖို့ မစဥ်းစားထားဘူးပေါ့???"

"အဖေ....သမီးကြောက်လို့မပြောပြရဲတာမဟုတ်ပါဘူး...အဖေဒေါသထွက်မှာစိုးလို့ပါ"

ချန်လီကောကရှန်းယိုလင်ကို တစ်ချက်ငေးကြည့်လိုက်သည်။သူအရင်ကတည်းက သိပြီးသားပါ
သူ့သမီးက ရှန်းမိသားစုရဲ့အရေးကိစ္စတွေနဲ့
မလိုက်ဖက်မှန်း။သူမက အရွယ်ရောက်ပြီဖြစ်သော်လည်း ထိုလူတွေရဲ့ မြိုချမှုမှာ အရုိးတောင် ကြံ့ကြံ့ခိုင်နိုင်မည် မဟုတ်ပေ။

အဲဒါတင်မကဘူး သူမရဲ့ကံကြမ္မာပြီးမြောက်မှုဘားတန်းကလည်း တိုးတက်နေပြီဖြစ်သည်။

ဒါကိုကြည့်ခြင်းအားဖြင့် သူမအခုအလွန်ပျော်နေမှန်း သိသာသည်။

ချန်လီကော ထွက်လာတော့ ရှန်းယိုလင်ရဲ့
ချစ်သူက ထွက်လာပြီး သူ့ကို ဦးလေးလို့
ခေါ်ခဲ့သည်။

"ယိုလင်ကို ေကာင်းကောင်း ဂရုစိုက်ပါ"

ကောင်လေးက ခေါင်းညိမ့်ပြသည်။

"ငါတို့ပြန်ကြရအောင်"

ရီဟွိုင်ကလည်း သဘောတူလိုက်သည်။

သူမအဖေထွက်သွားတော့ ရှန်းယိုလင်က
ဆိုဖာပေါ်မှာ ငေးငိုင်စွာ ထိုင်လျက် ပြောလာသည်။

"ဘာလို့ အဖေကပြုံးနေတာကို ငိုနေတာလို့ ကျွန်မထင်နေရတာလဲ????"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now