လူတိုင်းမည်မျှစိတ်သက်သာရာရသွားကြကြောင်း မြင်လိုက်ရသည့်အခါတွင်မူ သူမိခင်ဖြစ်သူအတွက် ဟယ့်ချန်းမင်အလွန်ပင် စိတ်ထိခိုက်မိသည်။

'အေမ တခြားကမ္ဘာကိုပြန်ဝင်စားသွားဖို့ကျွန်တော်တကယ်မျှော်လင့်တယ်... အနည်းဆုံးတော့ ဒီတစ်မိသားစုလုံးရဲ့ သန့်ရှင်းချင်ယောင်ဆောင်နေတဲ့အမူအရာတွေကိုထပ်မတွေ့ရတော့ဘူးပေါ့...ဝမ်းမနည်းပါနဲ့...ပြီးတော့ အမေရွေးချယ်ခဲ့တာအတွက်လည်းနောင်တမရပါနဲ့' ဟု သူ့စိတ်ထဲ၌တွေးမိလေ၏။

"ကျွန်တော်သဘောတူပေးမယ်...ဒါပေမဲ့ တောင်းဆိုမှုတစ်ခုတော့ရှိတယ်"

ဟယ့်ချန်းနင်၏စကားကိုကြားသည်နှင့် အကုန်လုံးပြန်လည်တောင့်တင်းသွားကြသည်။ သူမည်သည့်အခြေအနေမျိုးကိုတောင်းဆိုဦးမည်မှန်း မည်သူမှမသိကြချေ။

"ကျွန်တော့်ကိုတင်တောင်းဖို့ ရှန်အဖွဲ့အစည်းကပေးမဲ့ ရန်ပုံငွေရဲ့ ဆယ်ရာခိုင်နှုန်းကိုကျွန်တော်လိုချင်တယ်....သူတို့ဘယ်လောက်ပဲပေးပေး ဆယ်ရာခိုင်နှုန်းကိုကျွန်တော်လိုချင်တာ"

ပထမဆုံးလက်မခံနိုင်ဖြစ်သည့်သူက ချုန်းမင်ပင်။ သူမကအသံကိုမြှင့်လိုက်ရင်းဖြင့် ဒေါသတကြီးဆိုလာ၏။

"နင်ရူးနေပြီ!! အဲ့တာကငွေဘယ်လောက်တောင်ဖြစ်သွားမလဲနင်သိရဲ့လား?!"

ချန်းနင်ကမဲ့ပြုံးပြုံးလိုက်၏။

"အန်တီစိတ်ရှုပ်စရာမလိုပါဘူး...ဒါက ယင်ကျွင်းရဲ့လောင်းကစားတစ်ခါဆော့ကြေးလောက်တောင်မရှိတဲ့ဟာပဲ...အဲ့လောက်ကြီးအပြင်းအထန်ဒေါသထွက်ဖို့မလိုပါဘူး"

ဤခွန်းတုံ့ပြန်မှုက ချုန်းမင်အားဆံွံ့အသွားစေကာ ချန်းနင်ကိုသူမ မုန်းတီးစွာစိုက်ကြည့်ဖို့သာတတ်နိုင်သည်။

ယင်ကျိနျန်တစ်ယောက် ဟယ့်ချန်းနင်၏အပေးအယူတောင်းဆိုမှုကြောင့်ရသည့် ထိတ်လန့်မှုမှပြန်သတိမရသေးခင်၌ပင် ယင်ကျွင်း၏လောင်းကစားအပေါ်သုံးစွဲသည့်ငွေပမာဏကိုကြားလိုက်ရသည်မို့ သူ့မေးရိုးကပြုတ်ကျသွားသည်ကိုပင်ခံစားရကာ မျက်ဝန်းတွင်လည်း မယုံကြည်နိုင်မှုနှင့် အံ့သြမှုများကိုမဖုံးကွယ်နိုင်တော့ချေ။ သူ၏အသံသည်ပင်တုန်ယင်လျက်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now