"ရှောင်မင် သတိထားနော် ဆေးရုံကို ရောက်ပြီ ရှောင်မင် ရှောင်မင် ရှောင်မင်"
ပန်းချီပြပွဲအတွက် လာကြည့်ရင်း ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်ကြောင့် စူးရန် သတိလစ်သွားမလို ခံစားရတယ်။
ချစ်ရသူကို မျက်စိရှေ့မှာတင် ထိခိုက်မိသွားတာကို ဘာမှ မလုပ်ပေးနိုင်တဲ့အတွက်
သူ့ကိုသူဘဲ အပြစ်တင်မိတယ်။ပြခန်းတာဝန်ခံလည်း အတူပါလာပြီး စူးရန်
ရဲ့ ပြိုတော့မည့် မိုးလို အမူအရာကြောင့် စကားပင် မဟရဲ။ သူတို့ Boss လည်း
ဖြစ်သလို နာမည်ကြီး ပန်းချီဆရာမ
လည်းဖြစ်တဲ့ စူးရန်။ထိုစဉ်......
" မစ္စတာလီမင်ရဲ့ လူနာရှင် ရှိလား"
" အို လာပြီ လာပြီ ကျွန်မပါဘဲ"
ဆရာမက ရင်ခွင်ထဲက အိတ်တွေကိုပင်
ဂရုမစိုက်အားဘဲ ထထွက်သွားတယ်။ကျကျန်ခဲ့တဲ့ ဖုန်းနှစ်ခုထဲက တစ်ခုက ဖုန်း
ဝင်လာတယ်။ တာဝန်ခံလည်း မိမိနဲ့
မဆိုင်တာကြောင့် လျစ်လျူရှုထား
လိုက်တယ်။ဆက်တိုက်ခေါ်နေတာဘဲ။ဆက်တိုက်ဆိုသလို ဆရာမ
ဖုန်းလည်း မြည်လာတယ်။Contact ကိုကြည့်လိုက်တော့ " ဦးလေး"
"ဟုတ်ကဲ့ဘဘ ကျွန်မ ပြခန်းတာဝန်ခံပါ
ဟုတ်တယ် ခုက ဆေးရုံမှာ။ မဟုတ်ဘူး ဆရာမ ဘာမှ မဖြစ်ဘူး လီမင် နည်းနည်း ထိခိုက်မိသွားလို့ ရောက်နေတာ ဟုတ်တယ် စစ်နေကြဆဲဘဲ ဟုတ် ဟုတ်"ဆရာမဖုန်း ချပြီးသည်အထိ တစ်ဘက်ဖုန်း
က ခေါ်နေဆဲမို့ ဖြေလိုက်ရတယ်။" ဟယ်လို"
" ရှောင်မင် ကိုကိုပါ"
"ဟုတ်ကဲ့ ရှောင်မင် မဟုတ်ဘူး"
" ဒါ ... လီမင်ရဲ့ဖုန်းမလား "
"ဟုတ်တယ် ကျွန်မက သူ့မိတ်ဆွေပါ လီမင်က ပြခန်းမှာ မတော်တဆ ဖြစ်လို့ ဆေးရုံအခု...."
"ဘာ .... ဘယ်ဆေးရုံလဲ မေးနေတယ် ဘယ်ဆေးရုံလဲလို့..."
" ... ဆေးရုံပါ"
တစ်ဘက်လူက ချိုသာနေတဲ့ အသံကနေ ချက်ချင်း အေးစက် ပြာဝေစွာ အော်ဟစ်မေးမြန်းပြီး ဖုန်းချသွားတယ်။