(၂)

2.4K 95 4
                                    

အလုပ်စဝင်တဲ့ မနက်မှာ လီမင်က စောစောရောက်အောင် လာခဲ့တယ်။ သူရောက်ပြီး နည်းနည်းကြာမှ တခြားဝန်ထမ်းတွေလည်း ရောက်လာကြပြီး မိတ်ဆက်ပြောဆိုကြရင်း အလုပ်တစ်နေ့တာ စလိုက်တယ်။

သူ့အလုပ်က ပန်းချီပြခန်းတစ်ခုမှာ လက်ထောက်အနေနဲ့ပါ။ အနုပညာကျောင်းတက်ခဲ့ပြီး စိတ်ဝင်စားတဲ့အလုပ်ကို ရနိုင်ဖို့ မနည်းကြိုးပမ်းထားရတာကြောင့် တန်ဖိုးထားလုပ်ဆောင်ဖို့ လီမင် ဆုံးဖြတ်ထားတယ်။

နေ့လည်ထမင်းစားချိန်မှာ ဖုန်းဆက်တော့ ကိုကိုက စက်ပိတ်ထားပြန်ပြီ။ အလုပ်များ
နေတယ်ထင်တယ်။

Ringing..

"Hello အမိန့်ရှိပါ"

"မစ္စတာလီ နေ့လည်စာချိန်ပြီးရင်
တာဝန်ခံက ခဏလာပါတဲ့"

ဖုန်းပြန်ဖြေပြီးတော့ ပြခန်းဆီ ပြန်လာ
လိုက်တယ်။

" ဒေါက်...ဒေါက်"

"ဝင်ခဲ့ပါ" ခွင့်ပြုသံကြားမှ လီမင်က ဝင်လာလိုက်ပြီး....

" တာဝန်ခံ ကျွန်တော့ကို ခေါ်တယ်ဆို"

"ဟုတ်ပါ့ တခြားတော့ မဟုတ်ဘူး အလုပ်အနေအထားအရ ပန်းချီကားအတွက်ခရီးသွားရတာတွေ ရှိတာကြောင့် နောက်အပတ်ကစပြီး ကားတစ်စီးပေးမယ် ပြီးတော့ နောက်လ ပြပွဲအတွက် ကြိုပြင်တဲ့နေရာမှာ နားလည်အောင် လေ့လာထားပါလို့ အစ်မက ပြောချင်လို့ပါ လီမင်ရေ"

" နားလည်ပါပြီ အစ်မ ကျေးဇူးတင်ပါတယ်"

" ဟုတ်ပြီ လီမင်ရေ ကြိုးစားပေးပါနော်"

တာဝန်ခံ အခန်းက ပြန်လာပြီးတော့ သူပျော်
မိတယ်။ ခုဆို တာဝန်ပေးတာတွေရှိပြီလေ။

--------------

ရိပေါ်တို့ ဂျူတီထွက်တော့ ညနေခြောက်နာရီသာသာဘဲ ရှိသေးသည်။

" ရိပေါ် ညနေစာ ဘာစားမလဲ"

" ငါက ကြက်ကြော်စပ်စပ်နဲ့ ဖက်ထုပ်စားချင်တာ မင်းရော အားဟွမ်"

"သွားကြစို့ ရိပေါ် မင်းက ငါနဲ့ဘဲရမှာ
စိတ်ချင်းဆက်နေပြီ လာလာ လောင်ဖော်"

" မင်းမေ လောင်ဖော်ပါ့လား"

ထုံးစံအတိုင်း ထိုးရင်းကန်ရင်း ညဈေးဘက် ထွက်လာကြတယ်။

Deviation of LoveWhere stories live. Discover now