ပြပွဲနောက်ဆုံးရက် ပိတ်သည်အထိ ကိုကို
မရောက်လာခဲ့ဘူး။ ပြပွဲကလည်း ရည်ရွယ်ထားသလောက်မအောင်မြင်တော့ လီမင် စိတ်ဓာတ်ကျမိတယ်။"ဒေါက် ဒေါက် ဒေါက် ဒေါက်"
ပန်းချီကားတွေ သိမ်းနေတုန်း ဖိနပ်သံကြောင့် လှည့်ကြည့်မိတော့... လီမင်နဲ့ သိပ်မစိမ်းတော့တဲ့ သူစိမ်းအမျိုးသမီးလေး။
"စိတ်မရှိပါနဲ့ခင်ဗျာ ပြပွဲက ပြီးသွားပါပြီ အကယ်၍ ပန်းချီတွေကို နှစ်သက်လို့ ဆက်ကြည့်ချင်တယ်ဆိုရင် ..Gallary ကို လာခဲ့
ပေးပါခင်ဗျာ"" ဟား ဟား" လီမင့်စကားဆုံးတော့ ထိုအမျိုးသမီးက ထရယ်တယ်။
"မင်းရဲ့စကားတွေက သာမန်တွေဘဲနော်
ဒါကြောင့် ပွဲက မအောင်မြင်တာဘဲ ဟဟ"တုတ်ကျတဲ့ အနာပေါ် ဆားပက်တဲ့ စကားလုံးတွေပါဘဲ။
" ဒီက အစ်မကြီး စကားကြည့်ပြောပေးပါ"
"အေးလေ မင်းကိုဘဲ ကြည့်ပြောနေတာဘဲ
မအောင်မြင်တဲ့ကောင်လေးရဲ့ ဟဟဟ""ခင်ဗျား ခင်ဗျား စကားကိုကြည့်ပြော
ကိုယ်နဲ့မဆိုင်တာ ဝင်မပြောနဲ့ဗျာ ""ငါနဲ့မဆိုင်ပေမဲ့ မြင်ရတာ သနားလို့လေ
မင်းကို သနားလို့ ""လှောင်ရယ်နေတဲ့ မျက်လုံးတွေနဲ့ သနားနေတာလား အလုပ်ရှိရင်ပြောပါ မရှိရင် ထွက်သွားပေးပါလား ဘဘစူးရန် မျက်နှာနဲ့မို့ ခင်ဗျားကို သီးခံနေတာပါ"
အမျိုးသမီးက အံ့ဩသွားတယ်။
" မင်းဟာလေ မျက်စိကလည်းမွဲ တုံးကလည်း တုံးအ လိုက်တာ"
" ခင်ဗျား " လီမင်တကယ်ကြီး သီးခံမပေး
နိုင်တော့ဘူး။"မင်းမျက်လုံးထဲ ငါ့ကို ယောက်ျားကြီး၊
အဘိုးကြီးလို့ မြင်နေတာလားဟ"" ခင်ဗျား အမျိုးသမီး မှန်း သိသား အဘိုး... ဟင် ဒါဆို ဒါဆို ... ခင်ဗျားက"
"ကောင်စုတ်လေး ငါက စူးရန် မင်းတွေ့ဖူးတဲ့ ဘဘက ငါ့ဦးလေးပါကွာ... ဟား ဟား ဟား"
လီမင် နှလုံးတုန်ပြီး အံ့ဩရလွန်းလို့ ဒူးတွေ
ခွေကျမတတ်။