လူတစ်ယောက်ဟာ ချစ်ခြင်းနဲ့မေတ္တာကို ဆုံးရှုံးရရင် ဘယ်လိုဆက်ပြီးရှင်သန်နေထိုင်နိုင်မယ်လို့ ထင်ပါသလဲ။_______________________
"ဆရာ လီမင် ဆရာလီမင် ဆရာ..."
" ဟင် ဆောရီး ကျွန်တော့်ကို ခေါ်တာလား"
"ခေါ်လိုက်ရတာဆရာရယ် ပန်းချီတွေနေရာ
ချတာလည်း ပြီးသွားပြီ ပစ္စည်းတွေလည်း သိမ်းပြီးပြီမို့ ပြန်ခွင့်ပြုပါအုံး ကျွန်တော်တို့အဖွဲ့ကို""ကျေးဇူးတင်ပါတယ် ဆရာချောင် နောက်မှဆုံကြမယ်နော်"
Assistant team ပြန်သွားပြီးတဲ့နောက် လီမင်ပြန်ဖို့ပြင်နေတုန်း ....
ဒေါက် ဒေါက် ဒေါက် ..
ဝင်လာတဲ့ ဖိနပ်သံက တစ်ခါတုန်းက
ကြားဖူးခဲ့သလို ...။လီမင်ကြည့်လိုက်တော့....
"ဂုဏ်ပြုပါတယ် Modernပန်းချီလောက
ရဲ့ Top one ကို"လီမင့်အပြုံးမှာ ပျော်ရွှင်ခြင်းကြောင့်လား
နာကျင်ခြင်းကြောင့်လားမသဲကွဲတဲ့
မျက်ရည်တွေ ပါဝင်နေလေရဲ့။ညနေစာ အတူစားဖြစ်ကြတော့ ...
"ရှောင်မင်ဒီဟင်းထည့်မယ်နော် ကြိုက်တယ်
မလား ""မကြိုက်ဘူးခင်ဗျ ရပါတယ် ဆရာမ ကိုယ့်ဘာသာ ယူစားပါ့မယ် ကျေးဇူး"
"ပြောင်းလဲသွားလိုက်တာ ရှောင်မင် အရင်ကလို အားနာပါးနာတောင် မစားကြည့်တော့ဘူးပေါ့ ဟုတ်လား"
စူးရန်က ရယ်ရယ်မောမောနဲ့ ပြောလာရင်း
သူ့ဘာသာ ဆက်စားနေတယ်။စူးရန်က အရင်ကထက် သိမ်မွေ့လာတယ်။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နေထိုင်မှုပုံစံအပြည့်။
သူတို့လမ်းခွဲပြီးနောက် မိတ်ရင်းဆွေရင်း တိုင်ပင်ဖော် သူငယ်ချင်းအဖြစ် ဆက်ရှိခဲ့
ကြတယ်။အတိတ်ကို ပြန်မတူးဆွဘဲပေါ့။သွက်လက်တဲ့ လီမင်က အေးတိအေးစက်
နေပြီး အလုပ်ဘဲကြိုးစားခဲ့တယ်။ဘယ်အရာနဲ့ပတ်သက်လို့မှ ဟန်ဆောင်ဖို့
လုံးဝမကြိုးစားတော့ဘူးဆိုတာ
သူ့ကိုယ်သူ ပေးခဲ့တဲ့ကတိပါဘဲ။