အစောင့်က ထိုင်ရမည့်ခုံကိုလိုက်ပြပေမယ့်
သူတို့တစ်တွေကတော့ အမှောင်ထဲမှာ
ခလုတ်မတိုက်မိစေရန် သတိထားလျှောက်နေကြရသည်....
ခုံနေရာရောက်တာနှင့် နေရာတွေရွေးမနေဘဲ
ရသည့်နေရာကို အမြန်ဝင်ထိုင်လိုက်ကြလေသည်...
နေသားတကျထိုင်ဖြစ်ပြီဆိုမှ ညာဘက်တွင်
ထိုင်နေသောMoကိုလှည့်ကြည့်မိသည်....

"Mo အဆင်ပြေလား"

"အင်း ပြေတယ်"

Moနဲ့စကားပြောပြီးတာနဲ့ ကျွန်တော့်ရဲ့ ဘယ်ဘက်ခြမ်းမှာ ဘယ်သူများထိုင်နေမလဲဆိုပြီး
တစ်ချက်စောင်းငဲ့ကာ ခိုးကြည့်လိုက်မိသည်....
ကံဆိုးချင်တော့ ကျွန်တော့်ဘယ်ဘက်တွင်
ထိုင်နေတဲ့Meanက ဘယ်အချိန်တည်းက
ကျွန်တော့်ကို ကြည့်နေလေသည်မသိ...
ကျွန်တော်ကြည့်လိုက်သည့်နှင့် စပ်ဖြဲဖြဲပြုံးပြနေသည်လေ....ထိုပုံစံကပင် ထရိုက်ချင်စရာအလွန်ကောင်းသည်ဟု
စိတ်ထဲတွေးရင်း အကြည့်အမြန်လွှဲကာ ရုပ်ရှင်ကိုသာ
အာရုံစိုက်ကြည့်ရှုနေ​လိုက်ပါတော့သည်....

"ပေါက်ပေါက်စားဦးမလား"

ရုပ်ရှင်ထဲ မျောပါနေတုန်း ကျွန်တော့်ဘယ်ဘက်နားနားကိုကပ်ပြီး
လေသံတိုးလျလျလေးဖြင့် ကပ်ပြောလာတဲ့ Meanကြောင့် တစ်ကိုယ်လုံးရှိန်းခနဲဖြစ်ကာ
ကြက်သီးမွေးညှင်းတောင် ထသွားရသည်...
ထို့ကြောင့် ခန္ဓာကိုယ်ကို နောက်သို့နည်းနည်းယို့ကာ
သူ့ကို လှည့်ကြည့်လိုက်သည်...

"ငါနဲ့ဝေးဝေးနေ....ငါ့နား မကပ်...."

ရုတ်တရက်ကြီး မပြောမဆိုနှင့် ကျွန်တော့်ပါးစပ်ထဲသို့
ပေါက်ပေါက်ဆုပ်၂ခု ၃ခုလောက်ကို
အသာအယာ လာထည့်လိုက်သည့် Meanကြောင့်
ကျွန်တော့်မှာ ဘာမှဆက်မပြောနိုင်တော့ပဲ
မျက်လုံးပြူးကာသာ ကြည့်နေမိပါတော့သည်..
Meanကတော့ သူ့လုပ်ရပ်အတွက်
ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးရှိလျက် ကျွန်တော့်ကိုပင် မျက်စိတစ်ဖက်မှိတ်ပြလာရင်း

"ကောင်းတယ်မလား... ချိုတယ် ဟုတ်"

Planမှာတော့ ရုပ်ရှင်ရုံထဲမှာလဲဖြစ်
ဘေးမှာ Moကလဲရှိနေလေတော့
ဒေါသစိတ်ကို မနည်းမြိုသိပ်ထိန်းချုပ်ကာ ရုပ်ရှင်ကိုသာ ဆက်ကြည့်နေလိုက်ရလေသည်....
တွေးမိလေ ကြိတ်မနိုင်ခဲမရဖြစ်မိနေတဲ့ စိတ်ထဲမှာတော့ သကောင့်သားရဲ့မျက်နှာကို
စိတ်ရှိလက်ရှိ အခါခါထိုးကြိတ်နေမိသည်...
ဒီသကောင့်သားနဲ့ကျွန်တော်ဟာ
ဘယ်လိုရေစက်ဆိုးကြောင့် အခုလိုလာဆုံတွေ့နေရတာပါလိမ့်.....
အခုချိန်မှာ လိုရာဆုတစ်ခုတောင်းပါဆိုရင်
"ဒီသကောင့်သားကို ကျွန်တော့်မျက်စိရှေ့မှောက်မှာ
ထပ်မပေါ်လာပါစေနဲ့"လို့ ဆုတောင်းမိမှာပင်....
ထိုမျှလောက်ထိ သူ့ကို ကြည့်မရ မုန်းမိပါ၏....

❌❌❌❌❌❌❌❌❌❌❌❌❌

Ep (6) Coming Soon......

ကြာသွားတယ် ဟုတ်😁😁😁

WTG💙💚
9.1.2022 (SUN)

(2412 Words)

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Jan 09, 2022 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Unde poveștirile trăiesc. Descoperă acum