"Plan မင်း တစ်ညလုံးမအိပ်ရသေးဘူးလား...
မျက်နှာတော်တော်ချောင်ကျနေတယ်"
Markရဲ့အမေးကို အပြုံးယဲ့ယဲ့တစ်ခုနှင့်သာ တုံ့ပြန်လိုက်ရင်း အလုပ်သင်ဆရာဝန်များ နားနေခန်းရှိ ဆက်တီခုံပေါ်မှာ အားလျော့စွာ ဝင်ထိုင်လိုက်သည်....ထို့နောက် ဝတ်ထားသော
ဂျူတီကုတ်အဖြူရောင်လေးကိုလည်း
အလျင်အမြန် ချွတ်ယူလိုက်ပြန်သည်...
သို့ပေမဲ့ ထိုဂျူတီကုတ်လေးကို သေသေသပ်သပ်မခေါက်ဖြစ်တော့ပဲ
ဖြစ်သလိုပင် လက်ထဲမှာ
လုံးထွေးဆုပ်ကိုင်ထားလိုက်
ခန္ဓာကိုယ်တစ်ခုလုံးကို လျောချမှီထိုင်လိုက်ရင်း မျက်လုံးတွေမှိတ်ချကာ အနားယူလိုက်သည်...
တကယ်တမ်းတော့ ယောက်ယက်ခတ်နေခဲ့တဲ့
စိတ်ကိုတည်ငြိမ်ဖို့ကြိုးစားနေတယ်ဆိုတာကို
Plan ကိုယ်တိုင်သာအသိဆုံးပါလေ...
"Plan မင်း အဆင်ပြေရဲ့လား...
မင်း အရမ်းပင်ပန်းနေရင် ခွင့်ယူလိုက်ပါလား"
Markဆိုတာ မူလတန်းတည်းကနေ
အခု houseဆင်းနေတဲ့အချိန်ထိ မခွဲမခွာ ခင်မင်လာတဲ့သူငယ်ချင်းအရင်းကြီးဖြစ်သူမို့
Planအကြောင်းကို သူများထက်ပိုသိနေတာ
အဆန်းတစ်ခုတော့မဟုတ်ပါလေ.....
အခုလဲ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်
ကျွန်တော် လဲပြိုကျသွားမှာ စိုးရိမ်နေပြန်ပါပကော...
ထို့ကြောင့် ကျွန်တော် မျက်လုံးအသာအယာပြန်ဖွင့်လိုက်ကာ
မျက်နှာကျက်ကို ငေးစိုက်ကြည့်ရင်း တစ်လုံးချင်းပြန်ဖြေပေးလိုက်သည်....
"ရတယ် ငါအဆင်ပြေတယ်...စိတ်မပူနဲ့...
မဟုတ်လဲ ဒီရက်ပိုင်းထဲဆို အလုပ်သင်ကာလပြီးပြီပဲဟာ..."
"ဒါပေမဲ့...."
Markရဲ့ ဒါပေမဲ့ဆိုတဲ့စကားဟာ ဘယ်အရာကို ရည်ညွှန်းလဲဆိုတာကိုသိနေပြန်တဲ့ ကျွန်တော့်အတွက်တော့ နာကျင်စွာပြုံးလိုက်မိပြန်သည်....
သို့ပေမဲ့ ထိုအပြုံးဟာ ဘယ်လိုမှကြည့်ကောင်းနေမှာမဟုတ်မှန်းလဲ
Markရော ကျွန်တော်ရောသိနေပါသည်...
"မင်း တကယ်ရော အဆင်ပြေရဲ့လားကွာ...
မင်းကိုကြည့်ရတာ အားမရလိုက်တာ....
မင်း ဘာဖြစ်ချင်လဲ ပြော...
ငါ့ကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ....
ငိုချင်လား...ငိုချင်ရင်လည်း ငိုချလိုက်..
မင်းနဲ့ငါက ရှက်နေရမယ့် လူတွေမှမဟုတ်တာ"
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
