သိပ်မကြာခင်မှာပင် သူ ချိန်းဆိုထားသော စိမ်းလန်းစိုပြေသို့ ရောက်ရှိလာခဲ့သည်...
ကားပါကင်မှာ ကားရပ်လိုက်ပြီးနောက်
သူနှင့် တည်ငြိမ်စွာ မျက်နှာချင်းဆိုင်နိုင်ရန် စိတ်ကိုအသင့်ပြင်ဆင်လိုက်သည်...
တကယ်တော့ ဒီလိုမျိုး သူ့ကိုတွေ့ချင်လွန်းလို့
မျှော်နေခဲ့ရတာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၈၀ တိတိ
ရှိနေခဲ့ပြီမဟုတ်ပါလား...အခု သူနဲ့တွေ့ရတော့မည်...
ဒါပေမဲ့ ကောင်းသောတွေ့ဆုံခြင်း မဟုတ်ခဲ့တာကိုတော့ ရင်ထဲမှာ
ပြောမပြတတ်အောင် နာကျင်နေမိသည်လေ...
မနက်စောစောဖြစ်သည်မို့ ကျန်းမာရေးအတွက်
ကိုယ်လက်လှုပ်ရှားမှုပြုနေသူ
အနည်းအကျဥ်းမျှသာ ရှိလေသည်..
ထိုသူတွေကို ကျော်လွန်ကာ
သူနဲ့ချိန်းဆိုထားရာနေရာသို့
လေးဖင့်သောခြေလှမ်းတွေနှင့်.....
ကန်ရေပြင်ကိုဖြတ်တိုက်လာသော
လေပြေလေညှင်းတွေကြောင့် အင်းယားကန်ရေမျက်နှာပြင်မှာ
လှိုင်းကြပ်ခွပ်လေးတွေ ယောင်ယောင်မျှဖြစ်ထွန်းနေလေသည်... မနက်ခင်းလေပြေက အေးမြလတ်ဆတ်နေပေမဲ့
ကျွန်တော့်ရင်ထဲက ပူလောင်မှုတွေကို
အေးမြသွားအောင် မငြိမ်းသတ်နိုင်ခဲ့ပါပေ.....
မကြာခင်မှာပဲ ကန်ရေပြင်ကိုမျက်နှာမူထားသော
ထိုင်ခုံတန်းလေးမှာ ကျောက်ရုပ်တစ်ရုပ်လို
မလှုပ်မယှက်ထိုင်နေတဲ့ သူ့ရဲ့ကျောပြင်ကို မနီးမဝေးကနေ လှမ်းမြင်လိုက်ရသည်...
ထိုကျောပြင်ကျယ်ကြီးကို အနောက်ကနေ အကြိမ်ကြိမ်ဖက်တွယ်ခဲ့ဖူးသည်ကို
သတိရမိတော့ ရုတ်ချည်းပဲ မျက်ဝန်းမှာ မျက်ရည်ကြည်တွေရစ်ဝိုင်းလာမိသည်...
ဟင့်အင်း မျက်ရည်မကျဘူး...မငိုဘူး...
ဒါဟာ ကျွန်တော့်ရဲ့မာနအတွက်....
"Mean"
"ဟင်"
သူ့အနောက်နားမှာရပ်ပြီး သူ့နာမည်ကို
တိုးဖွဖွခေါ်လိုက်တော့ သူဟာ အခုမှ အသိစိတ်ဝင်လာသူလို ယောင်ယမ်းကာ
လှည့်ကြည့်လာခဲ့ပါသည်....
အရင်က ဘယ်လိုနေနေ ကြည်လင်ရှင်းသန့်နေတဲ့ကောင်လေးဟာ
အခုတော့ လောကကြီးကိုစိတ်ကုန်နေလေဟန်
အရာရာကို မျှော်လင့်ချက်ကင်းမဲ့နေလေဟန်ဖြင့် နွမ်းလျလျဖြစ်လို့နေပါသည်....
ပိန်သွားလိုက်တာ ချစ်သူရယ်....
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
