စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေဆို
Planက အိမ်မှာပင် အေးအေးလူလူ စာဖတ်နေတတ်ပေမယ့် ဒီနေ့တော့ ချစ်သူလေးMoက မိန်းကလေးတို့သဘာဝ Shoppingထွက်ရာတွင်
"နင်ပါလိုက်ခဲ့ရမယ်"ဟု အမိန့်ချ
အတင်းပူဆာသောကြောင့် ချစ်သူအလိုကျ
သူမနှင့် အဖော်လိုက်ပါလာခဲ့ရလေသည်....
"Plan ဒီအင်္ကျီ Moနဲ့လိုက်လားဟင်"
နေ့တစ်ဝက်နီးပါးမျှ shopping centerထဲမှာ
ခြေညောင်းအောင်ပတ်ပြီးပေမဲ့လည်း
Moကတော့ ဝယ်ခြမ်းလို့ မပြီးနိုင်သေးပေ...
Planရဲ့သဘောအတိုင်းသာဆို ဒီနေရာမှပြေးထွက်ကာ
သူ့အခန်းထဲက အိပ်ရာဖြူလွလွလေးမှာ
အားရပါးရ ပစ်လှဲအိပ်လိုက်ချင်မိတော့တာပါပဲ...
ဒီလို shoppingထွက်တာဟာ သူ့အတွက်တော့
တကယ့်ကို အချိန်ကုန် အကျိုးမရှိသောကိစ္စလို့ပဲ သတ်မှတ်ထားဖြစ်သည်မဟုတ်လား.....
ဒါပေမဲ့လည်း Moက တစ်ခါတရံမှသာ ခုလိုပူဆာတတ်သောသူဖြစ်သည်မို့
စိတ်ကျဉ်းကြပ်မှုတွေကို ဖုံးဖိကာ
စိတ်ရှည်ရှည်ထားရင်း အလိုလိုက်ပေးနေမိသည်...
ယခုလည်း ပန်းရောင်ဇာနားတွန့်လေးတွေပါသော
အင်္ကျီလေးကို သူမကိုယ်မှာကပ်ကာ
လိုက် မလိုက် မေးမြန်းနေပြန်ပါပြီ...
"အင်း လိုက်ပါတယ်"
"ဟင် နင့်အသံကလဲ စိတ်မပါတဲ့လေသံကြီးနဲ့"
"မဟုတ်ပါဘူးကွာ....
Moက ဘာဝတ်ဝတ် လှပြီးသားပဲဟာ"
"ဟုတ်တော့ဟုတ်ပေမဲ့ ကိုယ့်ချစ်သူက
စိတ်ပါလက်ပါလေး အကြံပြုတာကို လိုချင်သေးတာပေါ့"
"Moကလဲဟာ ငါ အာ့လိုတွေ မကြည့်တတ်တာလဲသိသားနဲ့"
"ဟွန့် ပြောလိုက်ရင် အဲ့ဒီအတိုင်းပဲ"
Moရဲ့ နှာခေါင်းရှုံ့ကာ ပွစိပွစိအပြောလေးကို
သဘောကျကာ Moရဲ့ခေါင်းလေးကို အုပ်ကိုင်လှုပ်ရမ်းရင်း ဟက်ခနဲရယ်လိုက်မိသည်...
Moပြောလဲ ပြောချင်စရာပါလေ...
၉တန်းနှစ်မှ ကျွန်တော်တို့ကျောင်းကို
ပြောင်းလာတဲ့Moဟာ ကျွန်တော်နဲ့အခန်းတူသလို
ကျူရှင်လဲတူကြသည်မို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး
ဆယ်တန်းစာမေးပွဲဖြေအပြီးမှာတော့
ချစ်သူတွေအဖြစ်သို့ရောက်ရှိခဲ့ကြလေသည်...
ချစ်သူဘဝရောက်လာကြတော့လည်း
နှစ်ယောက်တည်းအပြင်မှာ တွေ့ဖြစ်ကြသည်က
အလွန်တရာ ရှားပါးလွန်းလှပြန်သည်...
ပြောစရာရှိလျှင် ဖုန်းဆက်ပြောကြသည်က ပိုများသည်မဟုတ်ပါလား...
ထို့ကြောင့် တွေ့တုန်း ချစ်သူရည်းစားသဘာဝ
တီတီတာတာလေးတွေပြောပြီး ချစ်ကြည်နူးချင်သည်မှာ Moဘက်က အလွန်တော့မဟုတ်ပါလေ..
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
