Part~~ 3

59 9 3
                                        

ဒီနေ့က ဆေးကျောင်းသို့ ပထမဆုံးခြေချသည့်နေ့ဖြစ်သည်မို့
Planရင်တွေ အဆမတန်ခုန်လျက်ရှိသည်....
ငယ်စဥ်ကတည်းက တစ်ယောက်ယောက်က ကြီးလာရင်ဘာလုပ်မလဲလို့ မေးလာတိုင်း
တွေဝေတွန့်ဆုတ်မနေပဲ ဆရာဝန်ကြီးလုပ်မှာလို့ ခေါင်းမော့ ရင်ကော့ကာဖြေဆိုခဲ့သည်ပင်...
ယခုချိန်မှာ အမှန်တကယ် ဆရာဝန်ဖြစ်လာရန်
ခြေတစ်လှမ်း စတင်ခြင်းဖြစ်သည့်အတွက်
ရင်ခုန်နေမိတာ အဆန်းတဝင့်တော့မဟုတ်ပါလေ..

"Plan ငါတို့သင်ရမဲ့အဆောင်ကို မင်းသိလား"

ကျောင်းအဝင်မုဒ်ဦးကိုမော့ကြည့်ကာ အတွေးနယ်ချဲ့နေတုန်း ဘေးနားမှာရှိတဲ့
Markက မေးလာတာပင်...
Markဆိုတာ ကျွန်တော်နဲ့မူလတန်းတည်းကနေ
အခုချိန်ထိ လည်ပင်းဖက်ပေါင်းသင်းလာတဲ့
ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်ပြီး
ကျွန်တော့်ရဲ့အကြောင်းကို
ခရေစေ့တွင်းကျ အသေအချာသိသောသူ
တစ်ယောက်လည်းဖြစ်ပေသည်....
သို့ပေမဲ့ သူနဲ့ကျွန်တော်ဟာ အကျင့်စရိုက်မှာတော့ ဘယ်နားမှာမှ ထပ်တူမကျပါချေ...
Markကိုကြည့်လိုက်ရင် အမြဲတမ်း
ပြုံးရွှင်နေတတ်သူဖြစ်ပြီး အပေါင်းအသင်း
ဝင်ဆံ့သူတစ်ယောက်လဲဖြစ်ပါသေးသည်..
ကျွန်တော်ကတော့ Markနဲ့ဆန့်ကျင်စွာ
အမြဲလိုလိုပင် မျက်နှာထားတည်နေတတ်ပြီး
စကားလဲနည်းသူမို့ အပေါင်းအသင်းလဲ
များများစားစားမရှိပေ..ရင်းနှီးသူအချို့ကလွဲပြီး
အခြားသောသူစိမ်းတွေနှင့် ခင်မင်ဖို့ အလွန်တရာခက်ခဲသည့်typeလို့ပြောရပေမည်...

"မသိဘူး...ဒီလိုပဲ မေးစမ်းသွားကြတာပေါ့"

"အေးလေ...ဒါဆို အဆင်လေးတွေကိုငေး... အဲ...မေးကြည့်ရမယ်"

"မင်းကတော့လေ အကျင့်ကမပျောက်သေးဘူး...
ဟိုက လာကြောင်တယ်ထင်ပြီး ပါးရိုက်သွားဦးမယ်"

"အာ မင်းကလဲ မဦးမချွတ်...
ငါ့မျက်နှာချောချောလေးကို ဘယ်သူကရိုက်ရက်မှာလဲ ဟဲဟဲ"

"အေးပါ ကြည့်ကြသေးတာပေါ့...ကဲပါ
အခုတော့ အဆောင်ကိုအရင်လိုက်ရှာရအောင်"

"Ok....Let's Go"

ကျောင်းဝန်းထဲ ပျားပန်းခတ်မှ သွားလာလှုပ်ရှားနေသော
အရောင်စုံလူတွေကြားမှာ ကျွန်တော်နဲ့Markလဲ
ဟိုဒီမေးစမ်းရင်း ကျွန်တော်တို့တက်ရမည့်
အဆောင်သို့ ဦးတည်သွားလျက်ရှိပါသည်...

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Dove le storie prendono vita. Scoprilo ora