"ဟုတ်တယ်ရှင့်...
Moတို့ ရုပ်ရှင်သွားကြည့်ကြမလို့...
ဒါနဲ့ ဘာဖြစ်လို့လဲဟင်"
Moဆီက စကားပြန်လဲရရော
Meanရဲ့မျက်နှာဟာ ဝင်းထိန်လို့သွားပါတော့သည်..
"အဆင်သင့်လိုက်တာဗျာ...
ခုနကပဲ ကျွန်တော်တို့လဲ ရုပ်ရှင်သွားကြည့်မလို့ ပြောနေကြတာ...နော့ ချစ်လေး"
အဖော်ညှိလိုက်သောစကားကြောင့်
Meanလက်ကို မလွတ်တမ်းချိတ်ထားတဲ့
ကောင်မလေးရဲ့မျက်နှာဟာ အံ့အားသင့်မှုနဲ့အတူ
မျက်ခုံးတွေလဲ ပင့်တက်လို့သွားရပါတော့သည်...
ထို့နောက်တော့ ယောင်နနဖြင့်
ခေါင်းညိတ်ကာ ထောက်ခံလိုက်လေသည်....
အတွေးထဲမှာတော့ ဘယ်တုန်းက ရုပ်ရှင်ကြည့်မယ်လို့ ပြောလိုက်ကြတာပါလိမ့်လို့ တွေးနေဆဲပါပင်.....
မျက်စိရှေ့မှာ Meanနဲ့သူ့ချစ်သူတို့နှစ်ဦးသား ချစ်ရည်ရွှန်းလဲ့နေတဲ့အကြည့်တွေ ဖလှယ်နေသည်ကို အတိုင်းသား မြင်လိုက်ရတော့
Planစိတ်ထဲရှိ အလိုမကျမှုတွေက ရှိန်နှုန်းမြင့်လာသလိုပင်....
ထို့ကြောင့်ပင် ခပ်ပြတ်ပြတ်လေသံဖြင့်
"အတူသွားဖို့မစဥ်းစားနဲ့"
"ဟာကွာ မင်းကလဲ ငါတို့ အတူတူ
ရုပ်ရှင်သွားကြည့်ကြရင်မကောင်းဘူးလား...
double datingတောင်ဖြစ်သေး"
"မကောင်းဘူး....မင်းတို့ဘာသာ မင်းတို့သွားကြ...လာ Mo"
"ခဏ ခဏလေးပါကွာ မင်းကလဲ စိတ်ကြီးပဲ...
အတူတူသွားရင် ဘာဖြစ်သွားမှာကြလို့ "
"အင်းလေ Planကလဲ Meanတို့ကို အားနာစရာကြီး...သူငယ်ချင်းတွေပဲဟာ အတူတူသွားရင်လဲ ရသားနဲ့... အတူတူသွားလိုက်ရအောင်ပါ...နော်"
Planစိတ်ထဲ Meanကို ဘယ်လိုမှသဘောမကျနေပေမယ့်
Moကပါ ကူပြောလာသလို
လူတွေကြားထဲ ပြဿနာလဲမဖြစ်ချင်သည်မို့
Meanကို ပေစောင်းစောင်းအကြည့်တစ်ချက်
လှမ်းကျွေးပြီးနောက် ဘာမှပြောမနေတော့ဘဲ ထွက်လာခဲ့လိုက်ပါတော့သည်...
မကျေလည်သေးတဲ့စိတ်ထဲမှာတော့
ဒီကောင်နဲ့ ဘာလို့များလာဆုံနေတယ်မသိဘူးဟု တွေးတောလိုက်မိသည်...
ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေ ရုပ်ရှင်ရုံသို့ ရောက်လာခဲ့ကြပါတော့သည်....
လမ်းမှာကားပိတ်နေတာကြောင့်
ရုပ်ရှင်ရုံသို့ရောက်ချိန်ဝယ် ရုပ်ရှင်ပင် စတင်ပြသနေခဲ့ပါပြီ...
စုံတွဲခုံလက်မှတ်တွေ ဝယ်မရတော့တာကြောင့် ရိုးရိုးလက်မှတ်တွေကိုသာ အပြေးဝယ်ကာ ရုပ်ရှင်ကြည့်ရင် မပါမဖြစ်ဖြစ်တဲ့ ပေါက်ပေါက်ဆုပ်နဲ့colaရယ်
တခြားသောမုန့်တွေရယ်ကို အမြန်ဝယ်ခြမ်းပြီး
ရုံထဲသို့ အမြန်ဝင်လာခဲ့ကြသည်.....
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part~~~ 5
Start from the beginning
