"ဒါဆို ငါတို့ ရုပ်ရှင်မမှီမှာစိုးလို့ သွားတော့မယ်..
Mo သွားစို့..."
ထိုသို့ပြောပြီးသည်နှင့် Moလက်ကိုဆွဲကာ
ခပ်သုတ်သုတ်ဖြင့် ဆိုင်အပြင်ထွက်ခဲ့ပါတော့သည်...
ဒါပေမဲ့ အနောက်ဘက်ဆီကနေ
မပြေးလွှားရုံတမယ် ကပ်လိုက်လာသော ခြေသံပြင်းပြင်းတစ်ခုကိုကြားလိုက်ရသည်....
ထိုခြေသံပြင်းက ကျွန်တော်တို့ကိုကျော်တက်ကာ
ကျွန်တော့်ရှေ့မှာ ပိတ်ကာရပ်လိုက်ပါတော့သည်..
ရုတ်တရက်မို့ အငိုက်မိကာ အရှိန်မထိန်းနိုင်တော့ပဲ
ကျွန်တော့်ခေါင်းက သူ့ပုခုံးစွန်းကို
ဝင်တိုးမိပါတော့သည်....
နာကျင်ခြင်းတော့မရှိပေမယ့်
မထင်မှတ်ထားသော သူ့ရဲ့အပြုအမူကြောင့်
ကျွန်တော် အံ့အားသင့်မင်သက်သွားရသလို
တဆက်တည်းမှာလဲ ဒေါသထွက်လာရသည်...
ရှက်ဒေါသကြောင့် ကျွန်တော့်မျက်နှာတစ်ခုလုံး နီရဲလျက်ရှိလေသည်......
"မင်း....."
"ဆောရီး ဆောရီး စိတ်မဆိုးနဲ့ဦး...
ငါ မေးမလို့....မင်းတို့က ရုပ်ရှင်သွားကြည့်မလို့လား"
သူမေးတာကို ကြားပေမယ့် မဖြေချင်တာမို့ ဘာသဘောနဲ့လာမေးနေလဲဆိုတဲ့
အကြည့်စူးစူးဖြင့်သာ စိုက်ကြည့်လိုက်သည်...
သူကလဲ ကျွန်တော့်မျက်ဝန်းတွေထဲထိ
မကြောက်မလန့် ပြုံးမြမြဖြင့်
ပြန်ကြည့်လျက်ရှိသည်....
အဲ့ဒီအကြည့်....အဲ့ဒီအကြည့်....
သူ့ရဲ့အဲ့ဒီအကြည့်ကို တကယ်ကိုမုန်းရပါသည်....
ထိုအကြည့်တွေက ကလေးငယ်လေးတစ်ယာက်ကို လူကြီးတစ်ယောက်က ချစ်စနိုးကျီစယ်စနောက်သော မျက်ဝန်းတွေနဲ့အလွန်တူလှပေသောကြောင့်...
အဲ့ဒါကပဲ ကျွန်တော့်ကို ပိုလို့ဒေါသထွက်စေတာပင်..
ထိုအကြည့်တွေက ကျွန်တော့်ရဲ့မာနနဲ့ဂုဏ်သိက္ခာကို လာရောက်ထိပါးစော်ကားသလို ခံစားနေရလေသည်
"ဟုတ်လား...ရုပ်ရှင်သွားကြည့်မလို့လား"
ဒုတိယတစ်ခေါက်မေးလာသည်အထိ
ကျွန်တော့်ဘက်က တိတ်ဆိတ်နေဆဲမို့
ဘေးမှာရပ်နေတဲ့Moကတော့ နဂိုတည်းကအားနာတတ်လွန်းသူဖြစ်ကာ အခုအခြေအနေကြီးကိုလဲ မနေတတ်တော့လို့ထင်ပါတယ်..
Meanဘက်ကို အားနာပြုံးလေးပြုံးပြလိုက်ရင်း
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part~~~ 5
Start from the beginning
