"အော်....."

"မင်း တစ်ယောက်တည်းလား"

"Planရေ Moတို့သွားကြ.....
အော် အသိနဲ့တွေ့နေတာလား"

Meanရဲ့အမေးကို ဘယ်လိုဖြေရမလဲလို့
စဉ်းစားနေတုန်း Moက အနားရောက်လာကာ
ကျွန်တော့်လက်မောင်းကို လာချိတ်တွဲလာသည်မို့
Meanရဲ့အမေးကို တကူးတကကြီး ဖြေစရာလိုအပ်မယ်မထင်တော့ပါ....

"အင်း ငါတို့ကျောင်းကလေ... Meanတဲ့"

သူ့ဘေးနားက မိန်းမလှလေးကိုတော့
မသိသဖြင့် စကားထဲကို ထည့်မပြောဖြစ်တော့....

လူငယ်ဆန်ဆန် စတစ်ကာဒီဇိုင်းဆန်းပါတဲ့ တီရှပ်အနက်ကို ဒူးနားလောက်မှာ
အပြဲဒီဇိုင်းတွေပါတဲ့ ဂျင်းမှိုတက်ရောင် ဂျင်းဘောင်းဘီဖြင့်သာ ရိုးရှင်းစွာ ဝတ်ဆင်ထားပေမဲ့ ရုပ်ရှင်မင်းသားတစ်ဦးလို သန့်ပြန့်ချောမောကာ ဆွဲဆောင်မှုရှိတဲ့ Meanကို
Moက ရင်းနှီးလှိုက်လှဲစွာ ပြုံးပြလိုက်ရင်း

"ဟုတ်ကဲ့ Moပါ"

"အော် ဟုတ်ကဲ့ ....Meanပါ....
ဒါနဲ့ Plan..... မင်းတို့က ဟို....."

Meanကို ဒီလောက်ထိ မျက်နှာပြောင်လိမ့်မယ်လို့ မထင်မိခဲ့ပါ...ကျွန်တော်နဲ့Moကို ကြည့်တာနဲ့
ဘယ်လိုပတ်သတ်တယ်ဆိုတာ အသိသာကြီးပင်...
ပြီးတော့ ကျွန်တော် အမှတ်မမှားဘူးဆိုရင်
အရင်တစ်ခါက ကျွန်တော့်ရှေ့တင် Markက
သူတို့ကို Moအကြောင်းပြောဖူးပါသည်....
အဲ့ဒီတုန်းက သူနဲ့ကျွန်တော်ပင် အနည်းအကျဉ်း ကတောက်ကဆဖြစ်ခဲ့ကြသေးသည်မဟုတ်လား...
ထိုအဖြစ်အပျက်ကလဲ သိပ်မကြာခင်ကမို့
သူလဲ မေ့လိမ့်အုံးမည်မဟုတ်ပါ....
ထိုသို့သောအဖြစ်အပျက်တွေရှိခဲ့လို့
အခုက Meanတမင်ပင်မေးနေမှန်း
ပိုလို့ထင်ရှားနေပါသည်...
စိတ်ထဲမှာ အလိုမကျဖြစ်သွားရသည်မို့
သူ့ကို မကြည်သာသောအကြည့်ဖြင့် ကြည့်လိုက်မိသည်...သူ့အကြည့်ကတော့ ထူးဆန်းလွန်းစွာ ကျွန်တော့်လက်ကို
ချိတ်တွဲထားတဲ့ Moလက်ဆီမှာသာ.....

ဒါ ဘာအခြေအနေကြီးလဲ....
Meanဘေးနားက သူ့ချစ်သူဟုယူဆရသည့် ကောင်မလေးကတော့ ဘာမှဝင်မပြောသလို
ဘာမှလဲမသိစွာဖြင့် ငြိမ်ငြိမ်လေးနှင့်သာ
ကျွန်တော်တို့ကို အကဲခတ်လျက်ရှိလေသည်...
ဟူး.... သက်ပြင်းမောတစ်ချက်ကိုသာ
စိတ်ထဲတွင် ကြိတ်ချလိုက်မိပြီးနောက်
ဦးနှောက်ကလဲ အလိုအလျောက်
အချက်ပေးလာခဲ့လေသည်...
ထိုအရာက ဒီနေရာက အမြန်ထွက်ခွာသွားသင့်ပြီဟု....

You've reached the end of published parts.

⏰ Last updated: Jan 09, 2022 ⏰

Add this story to your Library to get notified about new parts!

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Where stories live. Discover now