"ကဲပါ စိတ်မကောက်လိုက်နဲ့...
ပြီးရင် ရုပ်ရှင်လိုက်ပြမယ်"
"တကယ်?"
"အင်း တကယ်...ဟိုတစ်နေ့က ကားသစ်တင်တာတွေ့လိုက်တယ် "
"အဟီး အဲ့ဒါဆို ခဏစောင့်"
"အင်း အင်း မြန်မြန်တော့လုပ်...
ရုပ်ရှင်မမှီပဲနေလိမ့်မယ်"
"အင်းပါ ခဏပဲ"
Moကတော့ သူရွေးထားသော
အင်္ကျီကို ကိုင်ကာ အဝတ်လဲခန်းသို့
အပြေးတပိုင်းသွားလိုက်ပါတော့သည်...
ကျွန်တော်ကတော့ ဆိုင်အဝင်ဝတွင်ချထားသော
ခုံတစ်ခုံမှာဝင်ထိုင်ရင်း
အနီးနားက ဆိုင်ခန်းတွေကို
ဝေ့ဝဲလျှောက်ကြည့်နေလိုက်သည်....
မျက်နှာချင်းဆိုင်ရှိ fancyပစ္စည်းသီးသန့်ရောင်းသည့်
ဆိုင်ခန်းသို့ မျက်လုံးအကြည့်ရောက်သွားချိန်
ကျွန်တော်မျက်မှောင်အလိုလိုကြုတ်လိုက်မိသည်...
အမြင်များမှားသလားဆိုပြီး အသေအချာပြန်ကြည့်မိတော့
MeanမှMeanမှန်း သေချာလို့သွားခဲ့ပါသည်...
သူ့ဘေးနားမှာ သူ့လက်မောင်းကို
တွဲချိတ်ထားရင်း ရယ်မောပျော်ရွှင်နေသည့်
ခေတ်ဆန်ဆန်မိန်းမလှလေးတစ်ဦး....
Meanကလဲ ထိုမိန်းမလှလေးဘက်ကို
ငဲ့စောင်းကာ ရယ်ရယ်မောမော စကားတွေဆိုလျက်ရှိသည်...
ထိုမြင်ကွင်းကို တစ်ခဏလောက်တော့
သတိလက်လွတ် စိုက်ကြည့်နေမိသည်....
စက္ကန့်ပိုင်းမျှအကြာ သတိဝင်လာသည်နှင့်
အမြန်ပင် အကြည့်လွဲလိုက်ရသည်...
Meanနဲ့ ကျွန်တော်က အခန်းတူတွေလဲဖြစ်သလို မေးထူးခေါ်ပြော စာတွေဖလှယ်တာတွေလဲရှိသည်မို့
အတော်အတန်တော့ ရင်းနှီးမှုရှိလာပါပြီ....
ဒါပေမယ့် တရင်းတနှီးပေါင်းဖြစ်သော
သူငယ်ချင်းအဖြစ်သို့ မရောက်ရှိကြသေးပါ....
ထို့သို့သောအကြောင်းတရားတွေကြောင့်
ဒီအချိန်မှာ သူတို့ကို မမြင်ချင်ယောင်ဆောင်တာက
အကောင်းဆုံးပဲလို့တွေးလိုက်မိပြီး
တခြားတစ်ဘက်သို့ အကြည့်လွှဲလိုက်ပါတော့သည်...
"ဟင် Plan မင်း ဒီမှာ ဘာလုပ်နေတာလဲ"
မတွေ့မဆုံချင် စကားမပြောချင်လို့ မမြင်ချင်ယောင်ဆောင်နေကာမှ
သူတို့အတွဲက ကျွန်တော်တို့ရှိရာ ဆိုင်သို့
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြလေသည်..
အခုမှတော့ မပြောချင် မခေါ်ချင်လို့မရတော့သည်မို့
သူတို့ရှိရာကို လှည့်ကြည့်လိုက်ကာ
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part~~~ 5
Start from the beginning
