စူးရန်က ဆက်ပြောတယ်။

"ပြတင်းပေါက်နားက အုပ်ထားတဲ့ ပန်းချီကားကို ကြည့်ပေးပါလား "

လီမင် ထကြည့်ပေးတယ်။ ခုချိန်ထိသူ့မှာ ပြောစရာ မရှိသေးဘူး။

" ဟင် ဒါ ဒါ ကျွန်တော့်ပုံဘဲ ဆရာမ"

"ဟုတ်တယ် အဲဒီမိုးရွာတဲ့နေ့။ accident ကြောင့် မိဘတွေဆုံးသွားပြီးတော့ ငါပထမဆုံး ကျောင်းပြန်တက်တဲ့ရက်လေ။ သူစိမ်းထံက ငါပထမဆုံးရဖူးတဲ့ နွေးထွေးမှုပေါ့။ နောက်တစ်ကြိမ်က ကလပ်မှာ။ နောက်တစ်ကြိမ်က လမ်းမအလယ်မှာ ငါမူးရူးနေတုန်းက"

"မင်း သိရဲ့လား လီမင်။ ဒီသုံးကြိမ်အတွက်
ငါတို့ကြိုတင် စီစဉ်ထားခဲ့တာ မဟုတ်ဘူး
ပြီးတော့ မင်းနဲ့ ပြန်ဆုံရတာ ငါသိပ်ပြီး
ပျော်ရွှင်ရတယ်"

"ပြီးခဲ့တဲ့ ၁၀ နှစ်က စခဲ့တဲ့ဇာတ်လမ်းလေးကို ငါဆက်ချင်တယ် မင်းရော ...."

စူးရန်က စကားအကြာကြီးပြောလိုက်ရလို့ မောသွားပုံပါဘဲ။ သက်ပြင်းချရင်း သူ့ကို ကြည့်လာတယ်။

"နားလိုက်ပါအုံး ကျွန်တော် အပြင်ခဏသွားအုံးမယ် လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါ"

လီမင် ထွက်သွားပြီးတဲ့နောက် အသက်မဲ့သွားသလို အိပ်ယာမှာ သူလှဲချလိုက်မိတယ်။

မင်းက ငါ့ဘဝရဲ့ နောက်ဆုံးကူကယ်ရာ ကောက်ရိုးမျှင်လေးပါဘဲ ရှောင်လီမင်....။

--------------------------------

"ဟေး ရုပ်ရှင်လက်မှတ်နှစ်စောင် ရထားတယ် အထူးတန်းနော် ငါနဲ့ဘယ်သူလိုက်ချင်လဲ"

ရှောင်းကျန့်က လက်မှတ်နှစ်စောင်ကို ကိုင်ပြီး မှိုရမျက်နှာနဲ့ တပြပြလုပ်နေတယ်။

"ဟို ပရော်ဖက်ဆာ ကျွန်တော်က ဂျူတီ
ကျတယ်ခင်ဗျ ရိပေါ်နဲ့ သွားပါလား "

ရွှမ်းဟွမ်းကို အသံတိတ်ဆဲလိုက်ရင်း..

"အာ ကျွန်တော်က ပိတ်လှောင်တာ ကြောက်တဲ့ရောဂါရှိတယ် မဖြစ်ပါဘူး ဟဲ ဟဲ မဖြစ်ပါဘူး ပရော်ဖက်ဆာ ဟဲ ဟဲ ဟဲ ဟဲ"

"ဒီဖေ နှစ်ကောင် ငါက ဘယ်ရက်လဲ ပြောသေးလို့လား ရုပ်ရှင်က ရုံထဲမှာလို့ရော
ပြောသေးလို့လား ဟမ်"

Deviation of LoveWhere stories live. Discover now