အပိုင်း [ ၁၇ ]

1.5K 212 18
                                    


(U)

Baekhyun အိပ်မက်အတွက် ပထမဆုံးခြေလှမ်းက ကုမ္ပဏီတစ်ခုမှာ အလုပ်၀င်ဖို့ပင်။ အင်ဂျင်နီယာ ဘွဲ့ကို အမှတ်ကောင်းကောင်းဖြင့် ရထားတာကြောင့် ပထမဆုံးအနေနဲ့ နာမည်ကြီး Delight Companyမှာ စွန့်စားကြည့်မယ်လို့ စဉ်းစားဆုံးဖြတ်ထားသည်။

ရှပ်အဖြူကို ခေါက်ရာမရှိအောင် နောက်တစ်ခါမီးပူပြန်တိုက်ပြီး သေချာ၀တ်လိုက်သည်။ စတိုင်ပန်အနက်ကို တွဲ၀တ်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။

အားလုံးပြင်ဆင်ပြီးတာနဲ့ Baekhyun
ကိုယ်ရေးအကျဉ်းဖိုင်လ်နှင့် ဖုန်းကိုယူကာ ကုတင်ဘေးကစားပွဲပေါ်မှာရှိနေတဲ့ နာရီကိုလှမ်းကြည့်လိုက်သည်။

၈နာရီ ခွဲ ။

အင်တာဗျူးက ၉နာရီစမည်။ အောက်ထပ်ဆင်းလာတော့ မေမေက စောင့်နေသည်။ Baekhyunကို အားပေးစကားအထပ်ထပ်အခါခါပြောပေးနေတဲ့ မေမေ့ကို တင်းကျပ်စွာဖက်ပြီး အင်တာဗျူး‌ဖြေမယ့် Delight Companyသို့ ထွက်လာလိုက်သည်။

"အင်တာဗျူးဖြေရမယ့် အခန်းက ဘယ်နားမှာလဲ
ခင်ဗျ"

"ဟုတ်ကဲ့ ဓာတ်လှေကားကတစ်ဆင့် ဒုတိယထပ်ကို တက်သွားလိုက်ပါ တွေ့ပါလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

Receptionက ၀န်ထမ်းကောင်မလေးကို နှုတ်ဆက်ပြီး အင်တာဗျူးဖြေမယ့်အထပ်ဆီ တက်လာလိုက်သည်။

ဒုတိယထပ်ရောက်တော့
Baekhyunနည်းတူ အင်တာဗျူးဖြေဖို့ ရောက်လာကြတဲ့သူတွေ ထပ်ရှိသေးသည်။ လွတ်တဲ့တစ်နေရာမှာထိုင်ပြီး အလှည့်ရောက်လာဖို့ကိုသာ Baekhyun စောင့်နေလိုက်သည်။

"Mr. Byun , Mr. Park အင်တာဗျူးခန်းထဲ ၀င်လာလို့ရပါပြီ"

ဟုတ်ပါ့မလားဆိုတဲ့အတွေးနဲ့အတူ ဘေးကိုကြည့်လိုက်တော့ Baekhyunကိုပြုံးပြနေတဲ့ Chanyeolကို တွေ့ရသည်။

Chanyeolက ဘယ်လိုဖြစ်ပြီး ...?

"ဘာတွေကြောင်ကြည့်နေတာလဲ အင်တာဗျူးဖြေဖို့ ခေါ်နေပြီလေ"

"ဟမ် .. အင်း"

တုန်လှုပ်နေတဲ့စိတ်အစုံကိုထိန်းချုပ်ပြီး Baekhyun Chanyeolထက်အရင် အခန်းထဲ၀င်လာလိုက်သည်။ အင်တာဗျူးမေးမယ့် အကြီးအကဲအရှေ့မှာ ဖိုင်လ်ချပေးပြီး ချထားပေးတဲ့ ထိုင်ခုံမှာ၀င်ထိုင်လိုက်သည်။

First & Last Chapter [ COMPLETED ]Where stories live. Discover now