အပိုင်း [ ၉ ]

1.4K 235 16
                                    


(U)

နက်ရှိုင်းတဲ့ဒဏ်ရာက အရှင်းပျောက်ကင်းဖို့ အချိန်ကြာတယ်ဆိုသလို Baekhyunရင်ထဲက ဒဏ်ရာတွေအတွက် ၃လဆိုတဲ့အချိန်က တိုတောင်းလွန်းခဲ့ပါတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ Baekhyunက အလယ်တန်းဒုတိယနှစ် ကျောင်းသားတစ်ယာက် ဖြစ်လာခဲ့သည်။ နောက်တစ်ကြိမ်ထပ်ပြီး  Chanyeolနဲ့ မျက်နှာချင်းဆိုင်ဖို့ အဆင်သင့်မဖြစ်သေးပေမယ့် Baekhyun အဆင်ပြေသွားမှာပါလေ။

ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အသက်၀၀ရှူကာ Baekhyun ကျောင်းထဲခြေချလိုက်သည်။

"Baekhyun ငါတို့ဒီမှာ"

သူငယ်ချင်းတွေကို လက်ပြပြီး လွတ်‌တဲ့နေရာမှာ Baekhyun ၀င်ထိုင်လိုက်သည်။

"ဘာလိုလိုနဲ့ ငါတို့တစ်နှစ်ထပ်ကြီးလာပြီ .. ဟားဟား"

စကားစလိုက်တဲ့သူက မိုနာ။

"မသိရင် အဖွားကြီး ဖြစ်သွားတာကျလို့ ... ဒါနဲ့ Baekhyun ကံမကောင်းစွာနဲ့ပဲ ဒီနှစ်ငါတို့အတန်းမတူတော့ဘူး"

"ဒါဆို ငါနားငြီးသက်သာသွားတာပေါ့"

မျက်ခုံးတွန့်ပြီးပြောလိုက်တော့ ဆိုယူက Baekhyun လက်မောင်းကို အပြေးလာရိုက်သည်။

"ဟာ !"

"မနက်စာ စားခဲ့လား Baekhyun"

"အင်း စားခဲ့တယ်"

"ဒါနဲ့ Baekhyun နင်လေ မနှစ်ကနဲ့မတူတော့ဘူး အရယ်အပြုံးနည်းသွားပြီး တည်ငြိမ်လာတဲ့ လူကြီးပေါက်စလိုပဲ"

"ပြီးတော့ ... နင်ချောလာတယ် Baekhyun"

ဆံပင်ခပ်အုပ်အုပ် ၊ ကြည်လင်တဲ့အသားအရေက ချောတာကိုပြောတာလားဆိုတာ Baekhyun မသိပေမယ့် သူငယ်ချင်းတွေရဲ့ အပြောကို အပြုံးဖြင့်သာတုံ့ပြန်လိုက်သည်။

"ချောလာတယ်ဆိုပြီး ငါ့ကိုကြိုက်မယ်မကြံနဲ့နော် .. ငါကသူငယ်ချင်းတွေနဲ့ မတွဲဘူး"

"ဘာ ! Ya ! Byun Baekhyun !"

Baekhyun အပြောကြောင့် တစ်ဝိုင်းလုံးပွဲကျသွား‌ပါတော့သည်။

"ဒါနဲ့ နင်တို့ Chanyeolအကြောင်း ကြားပြီးပြီလား ? ... ကျောင်းတက်တဲ့ပထမနေ့မှာပဲ စီနီယာအစ်မတစ်ယောက်နဲ့ တွဲနေတာတဲ့လေ"

First & Last Chapter [ COMPLETED ]Where stories live. Discover now