1 : Becoming Consort Wang

Start from the beginning
                                    

'ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ သက်တော်စောင့်ပါ မယ်မယ်ဘုရား။ အရှင့်ကိုကာကွယ်တာဟာ တိုင်းပြည်ကို ကာကွယ်တာပါပဲ။ အရှင့်ရဲ့ သစ္စာခံလက်အောက်ငယ်သားမို့ အရှင့်ရဲ့အမိန့်တိုင်းကို ကျွန်တော်မျိုးက ထမ်းဆောင်မှာပါ။ အရှင်မင်းကြီးသာ ဒီကိစ္စကို ဆန္ဒရှိစွာနဲ့ အမိန့်ပေးလာခဲ့ရင် ကျွန်တော်မျိုးက ထမ်းဆောင်ဖို့အသင့်ပါပဲ'

မိဖုရားခေါင်ကြီးက ရှန်မင်းကြီးSeanကို ကြည့်လိုက်ရင်း စကားဆက်လိုက်သည်။
'ကဲ သားတော်...သားတော််အနေနဲ့ရော ဘယ်လိုသဘောရှိသလဲ'

'ဝမ်ဟာ သားတော်ရဲ့ သက်တော်စောင့်သာမက သားတော်ရဲ့ဆရာတူညီလေးဆိုလည်း မမှားပါဘူးမယ်တော်။ သို့ပေမယ့် ဝမ်ဟာအမျိုးသားတစ်ယောက်ပါ။ သားတော်အမြင်တော့ အမျိုးသားကြင်ယာတော်မြှောက်ဖို့ထက် အမျိုးသားတစ်ယောက်ကို တိုင်းပြည်ရဲ့ မိခင်နေရာအပ်နှင်းတာဟာ ပြည်သူတွေရောမှူးမတ်တွေကိုပါ တုန်လှုပ်စရာဖြစ်သွားမှာကိုပါပဲ'

'အို~ ဝမ်ကလေးက လူချစ်ခံရပြီးသားပါ။ ရှန်ဘုရင်ရဲ့ ကိုယ်ရံတော်လေးက ဘယ်လောက်နာမည်ကြီးသလဲဆိုတာ မယ်တော်မသိဘူးများထင်နေသလား။ အခုအရာကလည်း တိုင်းပြည်အတွက်ပဲကို ဘယ်သူကများ ဆန့်ကျင်ဝံ့သလဲ'
မိဖုရားခေါင်ကြီးက လက်တင်သည့်ဖဲသားခေါင်းအုံးအမာအားရိုက်ကာပြောလိုက်သည်။

'စိတ်ထိန်းတော်မူပါ မယ်မယ်။ သားတော်က ဖြစ်နိုင်မယ့်အရာတွေကို တွေးစမိရုံပါ။'

'သားတော်စိတ်ပူတာကို မယ်တော်နားလည်ပါတယ်။ တိုင်ရေးပြည်ရာက ပိုအရေးကြီးတယ် သားတော်။ မယ်တော်တို့ဟာ တိုင်းပြည်ကို အလုပ်အကြွေးပြုနေရတဲ့သူတွေဆိုလည်း မမှားဘူး။ ဒီတိုင်းပြည်ကြီး အေးချမ်းဖို့၊ ပြည်သူပြည်သားတွေ အေးချမ်းဖို့ လုပ်သင့်လုပ်ထိုက်တာကို အစကတည်းက လုပ်ထားသင့်တယ်'

Sean အနည်းငယ်တွေးစစဖြစ်သွားသည်။ မယ်တော်ဟာ အသက်အရွယ်လည်းရနေပြီမို့ ခမည်းတော်နဲ့အတူ တောင်ပေါ်မှာ အတွင်းအားကျင့်ကြံရင်းပဲ ကုန်ဆုံးစေချင်သည်။ မယ်တော်သည်သာလျှင် တိုင်းပြည်အကာအကွယ်တံတိုင်း၏ စွမ်းအင်အရင်းအမြစ်ပေမို့ မနားရပဲ အခုထိစွမ်းအင်ကူးပြောင်းပေးနေရခြင်းဖြစ်သည်။

Consort WangWhere stories live. Discover now