1 : Becoming Consort Wang

Start from the beginning
                                    

'အထဲဝင်ကြတာပေါ့'

မိဖုရားခေါင်ကြီးဟာ သက်တော်အားဖြင့် မငယ်တော့ပေမယ့်လို့ အရှိန်အဝါဟာဖြင့် မြင်သူတကာ အလိုလိုဒူးထောက်ခစားလောက်ရအောင်ပင် ထွန်းလင်းလွန်းလှသည်။

"အရှင််မင်းကြီးအား ဂါရဝပြုပါတယ်"

'မိဖုရားခေါင်ကြီးအား ဂါရဝပြုပါတယ်'

စစ်သေနာပတိချုပ်ကြီးနှင့် ကိုယ်ရံတော်ချုပ်ဝမ်တို့ အတူတကွ အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီးအား ဂါရဝပြုလိုက်သည်။

'ထပြီး ဒီမှာ လာထိုင်ကြပါ'

မိဖုရားကြီး ညွှန်ပြသောနေရာတွင် ထိုင်လိုက်ကြသောအခါ စစ်သေနာပတိချုပ်ကြီးနှင့် ကိုယ်ရံတော်ချုပ်ဝမ်တို့ အရှင်မင်းကြီး၏ မျက်နှာချင်းဆိုင်တွင်ဖြစ်သွားသည်။

'ဝမ်ရိပေါ် ဒီမယ်မယ်အဖွားကြီးနား လာပါဦး'

ရိပေါ် မိဖုရားခေါင်ကြီးထိုင်နေသော ပလ္လင်နားသွားကာ ဒူးထောက်လိုက်သည်။
မိဖုရားခေါင်ကြီးက ရိပေါ်ရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ မေးစေ့ကို လက်ဖြင့်ပင့်တင်လိုက်ရင်း မော်ကြည့်စေလိုက်သည်။ ထို့နောက် ရိပေါ်၏ပါးဖောင်းဖောင်းလေးကို နူးညံ့ကွာ ကိုင်လိုက်လေသည်။

'ဝမ်ကလေး ဒီရှန်တိုင်းပြည်ကို ကာကွယ်ပေးဖို့ ဆန္ဒရှိရဲ့လား'

'ရှန်တိုင်းပြည်ကြီးတည်ရှိနေသ၍ ဒီဝမ်ရိပေါ်က အမြဲ သစ္စာရှိစွာနဲ့ ကာကွယ်သွားမှာပါ မယ်မယ်ဘုရား'

'ရှန်တိုင်းပြည်ရဲ့ မိခင်အနေနဲ့ဆိုရင်ရော ကာကွယ်ဖို့ ဆန္ဒရှိသေးရဲ့လား'

ရိပေါ်  ဝိုင်းစက်သောမျက်ဝန်းများဖြင့် မိဖုရားခေါင်ကြီးအားတစ်လှည့် အရှင်မင်းကြီးအားတစ်လှည့် နားမလည်စွာ ကြည့်လိုက်သည်။
စေသေနာပတိချုပ်ကြီးဟာလည်း နားထဲခပ်စူးစူးအသံများဝင်လာကာ ရင်ထဲဒိတ်ခနဲဖြစ်သွားသည်။

'ဒီအဖွားကြီးက တဖြည်းဖြည်းနဲ့ အိုမင်းလာပြီ။ အရင်လို တိုင်းပြည်ကို ကာကွယ်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ ရေခဲဓါတ်ရှိတဲ့ ဝမ်ကလေးကိုပဲ ဒီမယ်မယ်က အရိုက်အရာအပ်နှင်းဖို့ ဆန္ဒရှိတယ်။ ဝမ်ကလေးက
ရော ဆန္ဒရှိရဲ့လား'

Consort WangWhere stories live. Discover now