"ကိုယ်ပင်ပန်းနေပြီ မင်းသိလား"
"ပင်ပန်းနေရင် ခင်ဗျားမိဖုရားတွေဆီသွားလေ"
ရုတ်တရက်ဆိုသလို ပြာလဲ့လာတဲ့ ချန်းယောလ်ရဲ့မျက်လုံးဝိုင်းဝိုင်းတွေ
"မင်းနဲ့အတူရှိချင်လွန်းလို့ မင်းကိုချစ်လွန်းလို့
ကိုယ်နားကထပ်ပျောက်ကွယ်သွားမှာစိုးလို့
အဖြေမရှိတဲ့ပုစ္ဆာကိုရှာနေသလိုပဲ မင်းကိုယ့်နားမရှိတော့မှာကြောက်နေခဲ့တာ ဗြောင် ။ရူးတော့မယ်လို့
မင်းပျောက်ကွယ်သွားမှာ ကြောက်လွန်းလို့ရူးတော့မယ်လို့ ကိုယိ့ကိုသနားပါဦးလား....ဟင်"ပြာလဲ့နေတဲ့မျက်ဝန်းမှမျက်ရည်တွေဝိုင်းလာပြီး သူ့ပခုံးလေးကို ခပ်ဖွဖွလေးကိုင်ကာ တီးတိုးဆိုလာသည်။
"ခင်ဗျားဘာလို့ ကျွန်တော့်ကိုအော်သေးလဲ ပြီးတော့အဲ့တာက မိဖုရားတွေအများကြီးရှေ့မှာလေ"
"ကိုယ်တော် တောင်းပန်ပါတယ် ကျေနပ်တဲ့အထိတောင်းပန်မှာမလို့ ဒီညလေးခဏတော့ စိတ်ဆိုးပြေပေးပါလား မနက်မှထပ်ကောက်လေနော် ဗြောင်"
စိတ်ဆိုးနေသေးပေမဲ့ အပြာရောင်မျက်လုံးတွေကြောင့်ဘတ်ဟျွန်းထိတ်လန့်လာရသည်။ ချန်းယောလ်ကိုထိခိုက်သွားစေချင်တဲ့ စိတ်နဲ့ သူစိတ်ဆိုးတာမဟုတ်ဘူးလေ။ ထူးဆန်းလွန်းတဲ့အပြာရောင် မျက်ဝန်းကြောင့် တစ်ခါသေမလိုအကြီးအကျယ်ဖြစ်ပြီးသွားပြီဖြစ်သည်။နဖူးပေါ်က ဘတ်ဟျွန်းအမှတ်အသားကတော့ အရောင်မတောက်လာခဲ့ဘူး။
ဘာမှမပြောပဲအတွေးများနေတဲ့ ဘတ်ဟျွန်းရဲ့နဖူးစည်းလေးကို ချန်းယောလ်က အသာလေးချွတ်ပေးလာတယ်
"ဘာမှမပြောဘူးဆို လက်ခံတယ်လို့ယူဆလိုက်မယ်နော်"
ချန်းယောလ်ရဲ့ အပြာရောင်မျက်ဝန်းတွေဖျော့လာတော့မှ ဘတ်ဟျွန်းမှာသက်ပြင်းခိုးချရသည်။စိတ်ဆိုးတာကစိတ်ဆိုးတာဟုတ်ပေမဲ့ ကိုယ့်ကောင်လေးကိုတော့ အထိအခိုက်မခံစေချင်ပါ။
စိတ်ကိုသာဖတ်လို့ရမယ်ဆိုရင် ချန်းယောလ်ကတော့ ရာဇအိန္ဒြေပျက်တဲ့အထိ ဟားတိုက်ရယ်နေမှာ အသေအချာပါပဲ။ ဘတ်ဟျွန်းကချန်းယောလ်ကို စိတ်သာပူနေပေမဲ့ အပြင်ပိုင်းပုံစံကတော့ ခပ်ချေချေ နှုတ်ခမ်းကိုလဲ ရသလောက်ထော်ထားပစ်လိုက်သည်။ ဒါမှသူစိတ်ကောက်တာ အကုန်မပြေသေးမှန်းသိမှာမဟုတ်လား
![](https://img.wattpad.com/cover/184751053-288-k69181.jpg)
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်
Ep 18 (Uni)
Start from the beginning