လမင်း စကားအား Dream မကြားသလို လုပ်ကာ အခန်းတံခါးပိတ်လိုက်သည်။
ထို့နောက် ရေချိုး ခန်းထဲ ဝင်သွားကာ အချိန်ခဏကြာပြီးနောက် ပြန်ထွက်လာသည်အထိ ချားလစ်သည် မနိူးသေးပေ ။
နေရောင်ကြောင့် နိူးသွားမည် စိုး၍ အခန်း လိုက်ကာ ကိုပင် သူ မဖွင့်တော့။

နှစ်ခြိုက်စွာ အိပ်မော ကျနေသော ချားလစ်အား Dream ကြည့်ကာ ပြုံးလိုက်မိသည်။
ဒီလူသား သူမြတ်နိူးရတဲ့ လူသား
တစ်ယောက်တည်းသာ ရှိတဲ့ ချစ်ရသူ
ဒီလူသား လက်ကို သူ တရားဝင် ဖမ်းဆုပ်ကိုင်ခွင့်ရခဲ့ပြီ
ဒီလူသားနဲ့ လှပတဲ့ အနာဂတ်ကို ဖန်တီးချင်သည်။
ဒီလူသားနဲ့ ဘဲ အတူအိုမင်းသွားချင်တော့သည်။

ထို့နောက် ချားလစ်အား မနိူးတော့ဘဲ ပိုက်ဆံအိတ်နှင့်ဖုန်းယူကာ အပြင်သို့ ထွက်လာခဲ့တော့သည်။

'အိပ်ပါစေ လူရော စိတ်ရော ပင်ပန်းထားတယ် မလား
ဒီကောင်က ခင်များ နှုတ်က ကိုယ်တိုင် ဖွင့်မပြောသ၍ မသိချင် ယောင်ဆောင် နေဖို့ အဆင်သင့်ပြင်ထားပြီးသား '

မနက် ခင်း တွင် ဘန်ဂလိုနှင့် သိပ်မဝေးသော mini store ဘက်သို့ Dreamထွက်လာခဲ့သည်။

ဆိုင်ထဲ ဝင်ပြီးနောက် ရုပ်ရှင် ကြည့်လျှင် လိုအပ်သော ပစ္စည်း အချို့အား ရှာယူ လိုက်သည်။

ပေါက်ပေါက် အထုပ်လေး ယူလိုက်ကာ Coke ဘူးလည်း မပါမဖြစ်ပင်။
စင်ပေါ်တွင် တင်ထားသော lilipop ထုပ်လေးကြောင့် ချောကလက် lilipop ကိုသာ ရွေးချယ်တတ်သော ချားလစ်အား Dream သတိရမိသွားသည်။
ထို့ကြောင့် lilipop ထုပ်များထဲမှ ချောကလက် အား ရွေးယူလိုက်သည်။
သရေစာ အချို့ ဝယ်ပြီးနောက် အလှဆင် ပစ္စည်း တန်းဘက် အကြည့်ရောက်မိစဥ် မြင်လိုက်ရသည့် ခေါင်းစီးကွင်း လေးများကြောင့် ဆံပင်ရှည်နှင့် ချားလစ်အား ထပ်မံသတိရ မိသွားပြန်သည်။
သူ့အား သတိရ မိသွားသည်နှင့် Dream၏လက်ချောင်းများသည် ထို ခေါင်းစီးကွင်း လေးများအား သွားရောက်ထိကိုင်မိသားပင်။

'ခက်တော့ ခက်နေပါပြီ ချောကလက် lilipop မြင်တိုင်း သူ့ကိုပြေးသတိရမိနေသလို ခု ခေါင်းစီးကွင်း လေးမြင်တော့လည်း ဆံပင်ရှည်နဲ့ သူ့ကို သတိရမိပြန်တယ်
အချစ်က ဒီလိုပါဘဲ သူကြိုက်တာလေးတွေ မြင်မိတိုင်း သူ့ကိုဘဲ ပြေးသတိရမိစေတယ်'

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Où les histoires vivent. Découvrez maintenant