part(33)

2.6K 166 7
                                    

"ဟာ....သခင်လေးကျွန်မတို့ကိုတွေ့တော့ထွက်မပြေးတော့ဘူး
ပြုံးပြတယ်
အရင်တစ်ခေါက်ကျွန်မတို့လာတုန်းကသခင်လေးကျွန်မတို့ကိုလန့်ပြီးအသားတောင်အထိမခံဘူး
ကျွန်မတို့အင်္ကျီပြင်ပေးမယ်လုပ်တုန်းကဆိုကုတင်ပေါ်ကဆင်းပြေးတာလမ်းမလျှောက်နိုင်သေးဘဲနဲ့လေ
အဲ့မှာသခင်ကြီးနဲ့တွေ့ပြီးသခင်ကြီးသခင်လေးကိုအမြန်လာပြီးပွေ့ချီလိုက်တာ
သခင်လေးကလည်းသခင်ကြီးကိုဖက်ပြီးကြောက်လန့်တကြားငိုနေတာများကျွန်မတို့မှာကြည်နူးရမလိုလန့်ရမလိုနဲ့
အိမ်ပြန်ရောက်တော့သခင်ကြီးဆူတာခံရတယ်
အဲ့နောက်ပိုင်းသခင်လေးနဲ့မတွေ့ရတော့ဘူးခုမှပြန်တွေ့ရတာ"

"သတိမေ့နေစဉ်အတောအတွင်းသူ့ကိုအရမ်းကပ်ခဲ့တာလား"

"ဟုတ်တယ်
သခင်ကြီးကလည်းသခင်လေးနဲ့အတူနေတာသူ့အလုပ်တွေပစ်ထားပြီးတော့စံအိမ်ကိုလည်းပြန်မလာဘူး
ဆင်းရဲသားရပ်ကွက်ကအိမ်လေးတစ်လုံးမှာဘဲနေတာ
ကျွန်မတို့ကချက်ပြုတ်ပြီးအဲ့အိမ်လေးကိုသွားပို့ပေးရတယ်
သခင်လေးကိုအမှတ်တမှတ်ခိုးကြည့်မိတော့လည်းသခင်လေးကတစ်နေရာတည်းကိုစိုက်ကြည့်ပြီးတုတ်တုတ်မလှုပ်ဘူး
သခင်ကြီးဆိုတာလေ..တစ်ခါမှကောင်းကောင်းမွန်မွန်အနားမယူသလိုဘဲသူ့ကြည့်ရတာခုနောက်ပိုင်းပိုပြီးပိန်လိုက်လာတယ်"

"အော်"

ရိပေါ်ဘာမှမ​ပြောတော့ဘဲသူတို့ကျွေးသောအစားအစာများကိုသာစားနေလိုက်သည်
စားနေရင်းနဲ့သူမျိုမကျနိုင်တော့

"သူရောစားပြီးပြီလား"

"ဘယ်သူလဲသခင်ကြီးလား"

"အွန်း"

ရိပေါ်ခေါင်းညိမ့်ပြလိုက်သည်

"ကျွန်မတို့တွေ့မိသလောက်တော့သခင်လေးနေမကောင်းဖြစ်တဲ့အချိန်ကစပြီးအစားကိုပုံမှန်မစားဘူး
အိပ်ချိန်ကတော့မသိဘူး"

သူဘာမှဆက်မပြောတော့ပြန်ဘူး

*ဒီလူကငါသတိမေ့နေစဉ်အတောအတွင်းငါ့ကိုအထိအခိုက်မခံနိုင်လောက်အောင်တန်ဖိုးထားပြီးအရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်ပေးခဲ့တာလား
ငါသူ့အပေါ်အရမ်းဆိုးသွမ်းမိနေပြီလား
ဒီအတိုင်းတော့အလျှော့မပေးချင်ဘူးနည်းနည်းလောက်စောင့်ကြည့်ရမယ်*

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now