part(12)

2.8K 219 8
                                    

"ရောက်ပြီ...သိပ်ကြာမှာမဟုတ်တော့ ကားပေါ်က
မဆင်းနဲ့ ခဏလေးဘဲစောင့်"

"ငါ့ဘာသာဘယ်လိုနေနေ"

ရိပေါ် ကားပေါ်ကဆင်းသွားတော့ ရှောင်းကျန့်ပါ ကားပေါ်က ဆင်းကာ လိုက်သွားသည်

သူ့အိမ်လေးက သပ်ရပ်ပြီး အရင်ကထက်ပိုကောင်းနေတယ်

"ဝါး....လှလိုက်တာ"

"မင်းအိမ်ကို ပြင်ထားတဲ့နေရာမှာလည်း ငါပိုက်ဆံတွေအရမ်းကုန်တယ်"

"အလုပ်လုပ်ပြီး ပြန်ဆပ်မှာပါ...အထဲကပစ္စည်းတွေရော နေရာပြောင်းထားတာလား"

"ဝင်ကြည့်....သိလိမ့်မယ်"

အိမ်ထဲကို အလျင်အမြန်ဝင်ကြည့်မိတော့ ပစ္စည်းတွေက သူ့နေရာနဲ့သူပုံမပျက်ပေ....မီးလောင်တဲ့အထဲပါသွားတဲ့ ပစ္စည်းတွေကတော့ မရှိတော့

"တွေ့ပြီ...တွေ့ပြီ"

သူအိပ်နေကျ ခေါင်းအုံးလေးထဲ လက်နှိုက်ကြည့်မိတော့ မှိုနည်းနည်းတက်နေတဲ့ ပိုက်ဆံလေး၂ရွက်က
ထွက်လာတယ်

"ရပြီ...ပြန်ကြမယ်"

တက်တက်ကြွကြွနဲ့ ကားပေါ်ပြန်တက်သွားသည်

"မင်းကစ္စပြီးပြီလား"

"ပြီးပြီ"

ကားလေးကို စက်ပြန်နှိုးလိုက်ကာ ကစားကွင်းရှိတဲ့နေရာ ဦးတည် မောင်းနှင်လိုက်သည်

"ကစားကွင်းရောက်ရင်လေ....Coffeeဆိုင်ရှေ့ရပ်ပေးနော်"

ရှောင်းကျန့် ဘာမှပြန်မပြော

ကစားကွင်းရောက်တော့မှ ကားပါကင်ထိုးကာ သူပြောတဲ့အတိုင်း ကော်ဖီဆိုင်ရှိရာ ခေါ်သွားပေးလိုက်တယ်

"လာလေ...ဒီမှာဝယ်တိုက်မယ်"

ရိပေါ်counterကိုသွားကာ bubble tea2ဘူးမှာလိုက်သည်...

ရှောင်းကျန့်ကတော့ စားပွဲဝိုင်းလေးတစ်ခုမှာ ထိုင်စောင့်နေလိုက်တယ်
ငွေရှင်းတဲ့အချိန်ရောက်တော့ စားပွဲထိုးကောင်မလေးတွေဆီက အသံထွက်လာတယ်

"ဒီပိုက်ဆံက မှိုတက်နေပြီ သုံးမရဘူး"

"ရပါတယ်...စုတ်ပြတ်နေတာမှ မဟုတ်တာ"

𝐁𝐀𝐃 𝐆𝐔𝐘Waar verhalen tot leven komen. Ontdek het nu