part (4)

3.7K 288 1
                                    

"ကျစ်.....ကိုယ်တွေပူခြစ်နေတာဘဲ"

"သူဌေး.....ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"

"အပျက်အစီးတွေသိမ်းလိုက်....ငါအရင်ပြန်နှင့်မယ်"

"ဟုတ်ကဲ့"

သတိလစ်နေတဲ့ကောင်လေးကို ပွေ့ချီကာ ရှောင်းကျန့်တစ်ယောက် ဆင်းရဲသားရပ်ကွက်မှ ထွက်လို့
ပွေ့ချီထားတဲ့ကောင်လေးကို ကားပေါ်တင်ပြီး ထွက်သွားလေသည်

သတိမေ့နေတဲ့သူကိုကြည့်လိုက်ရင်း စိတ်ထဲဝင်လာတဲ့အတွေးပေါင်းစုံက

*အသက်ငယ်ငယ်လေးနဲ့ ဒီလိုအဖြစ်ဆိုးတွေ ကြုံရတယ်
အဒေါ်ကြီးက အကြွေးတွေအများကြီးယူထားပြီး
အခုသူသေတော့ အကြွေးရှင်တွေက သူ့တူကိုအနိုင်ကျင့်တယ်
ဒီဒဏ်တွေကို ကောင်လေးကခံရတယ်
ဘယ်လိုတောင် ဆိုးရွားလိုက်လဲ...အေးအေးဆေးဆေးတောင်းတဲ့ သူတွေဆို တော်သေးတယ်

ထိကပါးရိကပါးတွေဆို ဘယ်လိုလုပ်ပါ့မလဲ
သူ့ကိုတစ်ယောက်ထဲ လွှတ်ထားလိုက်ရင်လည်း လမ်းဘေးမှာတောင်းစားရဖို့ဘဲ ရှိမယ်...အိမ်အတွင်းပိုင်းကလည်း မီးလောင်ပြီး တစ်ခြမ်းလုံးလိုလိုပြိုသွားပြီ....သူဘယ်လိုနေပါ့မလဲ

သူ့ဘာသူဘယ်လိုနေနေ ငါနဲ့ဆိုင်လို့လား
ဆေးရုံပို့ပေးပြီး ပစ်ထားလိုက်ရင်ပြီးပြီဘဲ....ဒီလိုကျရင်လည်း ငါ့အကြွေးတွေ သူဘယ်လိုဆပ်နိုင်မှာလဲ
သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး ရောင်းပေးရင်တောင်
ဒီအကြွေးတွေက မကျေဘူး....အဟက်
ထားလိုက်တော့*

ဆေးရုံရှေ့ရောက်တော့ သတိလစ်နေဆဲဖြစ်တဲ့
ကောင်လေးကိုပွေ့ချီကာ ဆေးရုံထဲဝင်သွားလိုက်သည်

တစ်ယောက်ထဲနေပြီး ပိုးစိုးပက်စက်ချမ်းသာတဲ့ သူဌေးတစ်ယောက်ဖြစ်တဲ့အပြင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တာမို့ သူ့ပုံစံက မြင်ရတဲ့သူအဖို့ရှိန်သွားစေတယ်
ချမ်းသာလို့ မျက်နှာရလိုရငြားကပ်ဖားတဲ့သူတွေ
ရှိသလို
သူ့ကိုကြောက်တဲ့သူတွေလည်း ရှိနေပြန်ရော

"သူက အဖျားတက်လို့ သတိလစ်သွားတာပါ
ဆေးသောက်ပြီး ကောင်းကောင်းမွန်မွန်အနားယူလိုက်ရင် ပျောက်ပါတယ်"

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now