Jimin မျက်မှောင်ကြုံ့ကာ မေးလိုက်မိသည်ကို Jungkook က ပျော်သွားသလို အကြီးကြီးပြုံးလျက်

"မောင့်ယောက်ျား မောင့်ကို စိတ်ပူနေတာလား"
"ဘာတွေ ပြောနေတာလဲ ရူးနေလား.. ငါက သူများကို စိတ်ပူတတ်တဲ့ type မျိုး မဟုတ်ဘူး"
"ဒါဆို ဘာလို့မေးလဲ"

မျက်နှာနား တိုးကပ်လာတဲ့ Jungkook ကြောင့် Jimin ရယ်ချင်စိတ်အား တော်တော်ထိန်းထားရသည်။ နဖူးချင်း ဖွဖွလေးတိုက်လိုက်ပြီး

"ငါက မင်းယောက်ျားလေ.. အဲ့လောက်တော့ မေးရမှာပေါ့"
"ဟုတ်တယ်နော့် Hyung က မောင့်ယောက်ျား"

ပွေ့ဖက်ကာ ပြောလိုက်သည့် Jungkook အသံမြူးမြူးလေးက သူဘယ်လောက်တောင် ပျော်နေလဲဆိုတာ ရိပ်မိနိုင်သည်။ Jimin ကြည်နူးစွာ ခိုးပြုံးလိုက်မိသည်။ ဒီငတုံးကတော့.. ဘာမှ ပျော်စရာမဟုတ်တာကို..။

"မောင်သွားနှင့်တော့မယ်နော်.. မနက်စာ ပြင်ပြီးသား သိလား"
"အင်းပါကွာ.. အဘိုးကြီးကျလို့ ပွစိ ပွစိနဲ့"

Jimin မှတ်ချက်ကို Jungkook က သဘောကျစွာရယ်ရင်း

"တကယ် အဘိုးကြီး ဖြစ်တဲ့အထိ အဲ့စကားတွေ ကြားနေရမှာ သိလား"
"အေး.. အဲ့အချိန်ကျ ငါ ဆွဲထိုးဖို့ မသန်စွမ်းတော့ရင်တောင် တွေ့ရာနဲ့ ကောက်ပေါက်မှာ"
"ဟား.. အဲ့ကျ မောင်က ရှောင်မှာပေါ့"

ပါးဖောင်းဖောင်းလေးထဲ နှာခေါင်းလေး နှစ်ထိုးလိုက်ရင်း ပြောလိုက်တဲ့ စကားကြောင့် Jimin မျက်စောင်း ထိုးလိုက်မိသည်။

"မောင် တကယ် သွားတော့မယ်နော်"
"အင်း ဖြေးဖြေး"

Jungkook ထွက်သွားတာနဲ့ Jimin ရေအရင်ချိုးလိုက်ပြီး အဆင်ပြေတာ ကောက်ဝတ်လိုက်သည်။ ထို့နောက် မနက်စာအတွက် မီးဖိုချောင်လေးနား ထွက်လာခဲ့ချိန် မီးဖိုချောင် ကောင်တာလေးပေါ် ထိုင်နေတဲ့သူကြောင့် သက်ပြင်းလေး ခိုးချလိုက်မိသည်။ တမန်တော် အဒေါ်ကြီးကတော့ နှစ်ခြိုက်စွာ ပြုံးပြရင်း

"ဘယ်လိုလဲ.. သာယာတဲ့ မိသားစုဘဝလေးက.?"
"ဒီတိုင်းပါပဲ ဘာမှ ထူးမနေဘူး"

Jimin ဂရုမစိုက်သလို Jungkook ပြင်ထားခဲ့တဲ့ မနက်စာလေးကို အုပ်စောင်းလေးဖွင့်ရင်း ဖြေလိုက်သည်။

Amor is so DummМесто, где живут истории. Откройте их для себя