အခန်း ၄၀(စားပွဲထိုး ၁)

Start from the beginning
                                    

ဘေးတွင်ချထားသောသေရည်အိုးကို တစ်ငုံမော့သောက်၏။ ဤသေရည်သည် ကျန်းနန်ဒေသတွင် ချက်လုပ်သောသေရည်ဖြစ်ဟန်မတူ။ မဟာတံတိုင်းမြောက်အရပ်က လာပုံရသည်။ အရသာပြင်းပြီးစူးရှနေကာ ရင်ထဲတိုက်ရိုက်ဝင်သွားသည့်အရက်မျိုး။ တစ်ငုံသောက်ပြီးနောက် တဖန်သက်ဝင်နိုးကြားလာပြီး လက်များနွေးလာသလိုတောင် ခံစားလိုက်ရသည်။ ခရီးဆက်သွားဖို့သာ သူဆုံးဖြတ်လိုက်သည်။

"ချွီး––"

ဘေးဘီဝဲယာကို စနိုးစနှောက်နှင့် တစ်ချက်ကြည့်ပြီး ကြာပွတ်ကိုလွှဲသည်။ ရထားလုံးတန်းဆီမှလည်း တကျီကျီအသံများ ထွက်လာသည်။

စီးချက်ကျသောမြင်းခွာသံများ မှေးမှိန်သွားပြီး ရထားလုံးတန်း တောင်ပတ်လမ်း၏နောက်တစ်ကွေ့သို့ ချိုးဝင်သွားချိန်မှသာ တောင်စောင်းပေါ်တွင်ပုန်းနေသောနဂါး သက်ပြင်းချနိုင်တော့သည်။

နဂါးများ၏အသက်ရူပုံသည် လူများကဲ့သို့ နှာခေါင်းပေါက်အပိတ်အဖွင့် လုပ်ရုံလေးမဟုတ်။ အသက်ရှုသွင်းလိုက်တိုင်းမှာ လေပြင်းမုန်တိုင်းကို ဆင့်ခေါ်မိလေမလား အမြဲတမ်းစွန့်စားနေရသည်။ အမာရွတ်နှင့်သူ အမြန်ရှေ့ဆက်သွားရန် တိတ်တိတ်လေးနေရာတွင် ရွှဲရှန်အသက်ရှုအောင့်ထားရသည်ဖြစ်၍ မူးမေ့လဲတော့မလိုတောင် ဖြစ်သွားသည်။

အန္တရာယ်မှာဖြတ်သွားပြီဖြစ်၍ အနှီဘိုးဘေးသည် တောင်အလယ်တွင် ကိုယ်တစ်ပိုင်းသေနှင့် ဒုက္ခများနေသောသူမဟုတ်သည့်အတိုင်း လှုပ်လှုပ်ယွယွဖြစ်လာ၏။

ရွှဲရှန်ကိုယ်ကိုကိုင်းကာ သူ့အမြီးကိုကိုင်ထားဆဲဖြစ်သောရွှမ်းမင်ကို ငုံကြည့်လိုက်သည်။

"ကြည့်စမ်းပါဦး..ငါလာပြီးမင်းအတွက်အမှုစက်ကွင်းကိုရှင်းပေးရတာပါပဲ..ငါရဲ့မြန်ဆန်လှတဲ့လှုပ်ရှားမှုတွေကြောင့်သာမဟုတ်ရင်အဲ့ဒီအမာရွတ်လူသူ့အလောင်းနဲ့မျက်နှာချင်းဆိုင်တွေ့သွားမှာ"

ရွှမ်းမင် ; "…" 【ပြောရဲတယ်!】

ရွှမ်းမင်သည် နဂါးအမြီးကို ညင်သာစွာပြန်ချပေးနေသည့် တန်းလန်း၌ဖြစ်၏။ ထိုစကားကြားသောအခါ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ခါးပြန်မတ်လိုက်သည်။

Copper Coins《铜钱龛世》Where stories live. Discover now