Part (55) ( ​မောင် အနံ့ပျောက်နေပြီ!! )

Mulai dari awal
                                    

" ဒါ ဆို ကောင်း ကောင်း ကို လက် ထပ် မယ် ၊ ကောင်း ကောင်း က လှ "

" ဘယ်သူတုန်းကွ ကောင်းကောင်းက "

TVကို လက်ညိုးထိုးပြ၍ လှမ်းကြည့်တော့ ကလေးတစ်ယောက်ကိုတွေ့လိုက်သည်။ ကိုးနှစ်ဆယ်နှစ်အရွယ် ကောင်လေးက ကလေးမော်ဒယ်ဖြစ်သည်။ သားက ထိုကောင်လေးကိုကြည့်ပြီး တခစ်ခစ်ရယ်နေတာမို့ တည်မြဲမကြိုက်စွာပင် TVကိုကျောပေးလိုက်တော့ သားက တည်မြဲလက်ထဲက ရုန်းပြီး ပုခုံးပေါ်ကနေ TVကိုကျော်ကြည့်သည်။ ကြောင်ငပျင်းလေးက တည်မြဲတို့ဘေးက စားပွဲမှ အရုပ်တွေကို လိုက်သိမ်းနေတာမို့မေးလိုက်၏။

" ကောင်းကောင်း နာမည်ကဘာလဲ "

" ဟင် သြော် ကောင်းကောင်းလား ၊ သျှန်ဆက်ကောင်းတဲ့ ၊ သားကတော့ အဲ့ဒီကလေးရဲ့ ကြော်ညာလာတိုင်း TVရှေ့ကကိုမခွာတော့တာ "

" ကျစ်! "

" ဘာလို့လဲ မောင် "

" ဒီကောင်က ကောင်းကောင်းကိုလက်ထပ်ချင်တယ်ပြောနေလို့ ၊ မင်းနောက်ကို ကောင်းကောင်းဆိုတဲ့ တစ်ယောက်ရဲ့ကြော်ညာ လာရင် လိုင်းပြောင်းလိုက် "

" ကလေးတွေပဲ မောင်ရယ် ၊ သားကမသိပဲပြောမိတာကို ၊ ​မောင်က အခုတည်းက သားကိုအူတိုနေတာလား "

" သားကအရမ်းတတ်တယ် မဟုတ်ကဟုတ်ကတွေ တတ်နေမှာ ငါမကြိုက်ဘူး ၊ အိမ်ထဲမှာနေနေရတဲ့ကာလအတွင်းမှာ လူကြီးတွေပြောသမျှကြားပြီး မင်းသားကလိုက်ပြောနေတာလေ ၊ သားရှေ့ မဟုတ်တာတွေမပြောမိစေနဲ့ "

သားကိုပြောရင်း လူကိုပါအပြစ်တင်သလိုလာပြောနေတော့ ညို့စိတ်တိုသွားသည်။

" သားနားမှာ အနီးဆုံးရှိတာငါလေ ၊ မဟုတ်ကဟုတ်ကတွေဆိုတော့ ငါက သားရှေ့မှာ ဘာတွေပြောနေလို့လဲ "

" ငါပြောချင်တာက "

" မောင့်သားက အခုမှကလေးပဲရှိသေးတာ ၊ ကလေးအရွယ်က မြင်သမျှကြားသမျှကို သူတို့ဦးနှောက်ကမှတ်ပြီး သင်ယူနေတာလေ ၊ ငါတို့အနေနဲ့ သားကို ကောင်းတာနဲ့ ဆိုးတာကို ခွဲခြားတတ်အောင် သင်ပေးဖို့ပဲလိုတယ် "

" ကျစ်! မင်းက အထင်လွဲနေတာပဲ ငါပြောချင်တာ အဲ့ဒီအဓိပ္ပါယ်မှမဟုတ်တာ "

ASTILLBE (Completed)Tempat cerita menjadi hidup. Temukan sekarang