#Unicode
နောက်တစ်နေ့ Gulf လေးကိုကျောင်းပို့ပြီးတော့ Mew ရုံးကိုထွက်လာခဲ့သည်
ရုံးခန်းထဲကစားပွဲမှာထိုင်ရင်းခေါင်းထဲရောက်လာတာက မနေ့ကအဖြစ်အပျက်များမနေ့က ကားတစ်စီး Gulf ဆီကိုတည့်တည့်ပြေးလာတဲ့ မြင်ကွင်းကို Mew ပြန်မြင်ယောင်လာတဲ့အခါ အသက်မရှူနိုင်တော့လောက်အောင် မွန်းကြပ်လာရသည်
တစ်ကယ်လို့သူသာ အဲ့နေ့က Gulf လေးကိုသွားမကြိုဖြစ်ခဲ့ရင် သူသာအဲ့နားမှာရှိမနေခဲ့ရင် ခုချိန်ဆေးရုံကုတင်ပေါ်ရှိနေမယ့်သူက Nora မဟုတ်ဘဲ သူ့ကလေးငယ်ဖြစ်နေမှာ
အသက်ထက်ပိုချစ်ရတဲ့ကောင်ငယ်လေးမို့ ပွန်းပဲ့ရာသေးသေးလေးတစ်ခုဖြစ်မှာတောင် သူစိတ်ပူရပါသည်
အဲ့လိုမြတ်နိုးရတဲ့ကောင်ငယ်လေးကို အသက်အန္တရာယ်ပြုဖို့အထိကြိုးစားတယ်တဲ့လား အဲ့လိုလူကိုသူဘယ်လိုခွင့်လွှတ်ရပါ့မလဲတူ.....တူ.....
Mew အတွေးလွန်နေတုန်း ဖုန်းဝင်လာတာတဲ့မို့ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခု
"Hello"
"Hello ဟုတ်ကဲ့ အခုပြောနေတု Mew Suppasit များလားမသိဘူး"
"ဟုတ်ပါတယ် ဘယ်သူလဲ မသိဘူး"
"အန်ကယ့်နာမည်က ဦးဆန်းခွန်ပါ Nora ရဲ့အဖေပါ အန်ကယ် မောင်ရင်နဲ့တွေ့လို့ရမလားမသိဘူး ပြောစရာရှိလို့ပါ"
"သြော် Nora အဖေကို ကျွန်တော်နဲ့ဘာများပြောချင်လို့လဲမသိဘူး"
"ဟို တစ်ခြားတော့မဟုတ်ပါဘူးကွယ် အန်ကယ့်သမီးအစားတောင်းပန်ချင်တာရယ် ပြောစရာလေးရယ်ရှိလို့ပါ အဆင်ပြေမယ်ဆို တွေ့ဖို့ခွင့်ပြုပေးဖို့ အန်ကယ်တောင်းဆိုချင်ပါတယ်"
"ကောင်းပြီလေ ကျွန်တော်နေရာပို့လိုက်ပါ့မယ်"
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် အန်ကယ့်ကိုတွေ့ဖို့ခွင့်ပြုပေးလို့"
"ရပါတယ်"
Mew လဲပြောပြီးဖုန်းချလိုက်ပြီးအလုပ်ဖက်အာရုံစိုက်ကာလုပ်စရာရှိသည်များကိုလုပ်ပြီး ညနေကျတော့ Gulf လေးကိုကြိုပြီးပြန်ခဲ့လိုက်တော့သည်
Nora အဖေနဲ့ တွေ့မယ့်အကြောင်းကိုတော့ဘမပြောပြဖြစ်သေး ဘာအကြောင်းကိစ္စမှန်းသေချာမသိသေးတာကြောင့်လဲပါသည်
YOU ARE READING
ကံကြမ္မာရဲ့ စေညွှန်ရာ
Fanfictionအချစ်တွေကအဆုံးမဲ့တယ် မင်းနဲ့တွေ့ဖို့ဖန်တီးပေးလိုက်တဲ့ ကံကြမ္မာကိုသိပ်ကျေးဇူးတင်မိတယ်