အပိုင်း ၄

579 25 0
                                    

#Unicode

"ဒါဆိုမင်းက Uni ကိုဟိုမှာသွားတက်ရမှာသေချာသွားပြီပေါ့"

"Omm"

"အင်းလေ မင်းအရင်တည်းကစီစဥ်ထားတဲ့ဟာပဲ မင်းဘဝအတွက်ပဲလေ ငါတို့ကတော့အားပေးပါတယ်"

"အေးကျေးဇူးပါပဲကွာ မင်းတို့ကောင်တွေရှိနေတာငါ့အတွက်တော့ တကယ်အားပါပဲကွာ"

"အေးပါကွာ ဘာပဲဖြစ်ဖြစ် ငါတို့ကိုတော့အဆက်အသွယ်မဖြတ်နဲ့ပေါ့ကွာ နော်အမြဲဖုန်းဆက် ကောင်မလေးချောချောလေးတွေတွေ့ရင်လဲ လျှိုမထားနဲ့ပေါ့ကွာ ဟဲဟဲ"

"အေးပါ ငါဆက်သွယ်မှာပါ"

မူလတန်းကတည်းက သွားအတူလာအတူရှိခဲ့ကြတဲ့သူငယ်ချင်းတွေမို့ ခုလိုတစ်ယောက်မရှိတော့မှာကို Champ နဲ့ Kao လဲ စိတ်မကောင်းကြ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ကို အကြောင်းအရင်းတောင်မမေးပဲ နားလည်ပေးကြတာမို့ ဒီကောင်တွေကို Mew တကယ်ခင်ရပါတယ်

အင်း သူ့ကိုခင်တွယ်လွန်းတဲ့ကောင်လေးကိုတော့ သူဘယ်လိုများနှစ်သိမ့်ရပါ့

Mew တွေးရင်းသက်ပြင်းသာအသာချလိုက်မိတော့တယ်

"Mew.."

Kao တို့နဲ့စကားပြောနေတုန်း သူ့နာမည်ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ Nora
Mew တို့ထိုင်နေတဲ့နားရောက်လာပြီး

"Mew ကို Nora တစ်ခုလောက်အကူအညီတောင်းချင်လို့ ခု နှစ်ဝက်စာမေးပွဲလဲပြီးပြီလေ တဖြေးဖြေးနဲ့စာတွေကလဲများလာတော့ Mew ဆီမှာ ပိတ်ရက်တွေစာလာလုပ်လို့ရမလားလို့ပါ Mew ကစာတော်တော့ Nora နားမလည်တာတွေရှင်းပြခိုင်းချင်လို့"

"ကျွန်တော့်ထက်စာရင် ဆရာတွေကိုမေးတာကပိုကောင်းပါလိမ့်မယ်"

"ဒါပေမယ့် Mew ကကျတော့သူငယ်ချင်းလေ မေးရတာပိုအဆင်ပြေတာပေါ့"

"Champ တို့တောင် စာမေးပွဲဖြေခါနီးမှလာကြတာပါ Nora ပိတ်ရက်တိုင်းလာဖို့ကျအဆင်မပြေဘူးထင်တယ် သူများတွေအမြင်မှာလဲတစ်မျိုးဖြစ်လိမ့်မယ်"

"အို ဘယ်သူတွေဘယ်လိုမြင်မြင် Nora ကတော့ဂရုမစိုက်ပါဘူး စာလုပ်ဖို့လာတာပဲဟာ"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now