#Unicode
3 years later.
"သားငယ်ပြီးပြီလား အောက်မှာ သားကြီးတောင်ရောက်နေပြီ"
"ဟုတ် mae သားပြီးပြီ"
mae ကိုလှမ်းပြောရင်း Gulf အပေါ်ထပ်ကနေ ခပ်သွက်သွက်ကလေးဆင်းလာလိုက်သည်
ဒီနေ့ Gulf လေးဘွဲ့ယူမယ့်နေ့ဖြစ်သည်
မနက်ကတည်းက ပြင်ဆင်နေကြပြီး Gulf လေးတို့နဲ့အတူ Mew ပါဘွဲ့ယူမည့်အခမ်းအနားကိုလိုက်မှာဖြစ်သည်
ကိုကို့ phaw နဲ့ mae ကတော့ လမ်းမှာဝင်စရာရှိသေးတာမို့ နောက်ကနေသပ်သပ်လိုက်လာကြမယ်တဲ့Gulf တို့ရောက်တော့ အချိန်လိုသေးတာမို့
အဆောက်အဦး အပြင်ဘက်တွင် ဘွဲ့ဝတ်စုံ
ဖြင့်ကျောင်းသားများ
ကျောင်းသားများ၏မိဘဆွေမျိုးများကို ဟိုတစ်စုဒီတစ်စုဖြင့်မြင်တွေ့နေရသည်Mew သူ့ကလေးငယ်ကိုသေချာကြည့်နေမိသည် ဘွဲ့ဝတ်ရုံအနီလေးကိုဝတ်ဆင်ထားတဲ့ကလေးငယ်ဟာ ပျော်ရွှင်နေမှန်းသိသာစွာ ကြည်ရှင်းနေတဲ့မျက်နှာလေးမှာအပြုံးလေးကပြတ်မသွား မြတ်နိုးရတဲ့ ကလေးငယ်ရဲ့အပြုံးတွေဟာ သိပ်ကိုတောက်ပလွန်းနေသည်
"တော်သေးတာပေါ့ mae တို့က မမှီမှာစိုးနေတာ"
Mew တစ်ယောက်သူ့အကောင်ပေါက်ကိုငေးနေတုန်း mae တို့ရောက်လာကြသည်
"ရပါတယ် mae တို့ရဲ့ အချိန်လိုပါသေးတယ်"
"mae သားငယ်လေးတောင် ဘွဲ့ရတော့မယ် အချိန်တွေကမြန်လိုက်တာ mae ကတော့ခုထိ mae မျက်စိထဲ သားငယ်ကိုကလေးလေးလို့ထင်နေတုန်းပဲ"
Mew mae ကပြောရင်း မျက်ရည်တွေဝဲလာတာမို့ Gulf လဲ ဖက်ထားပေးလိုက်သည်
"Gulf ကအမြဲ mae တို့ရဲ့ကလေးလေးပါပဲ"
"ကဲ မေကြီး မင်းကလဲ သူ့မိဘတွေလဲပြောပါစေဦး"
"အို ဘာဖြစ်လဲရှင် Gulf လေးက ကျွန်မသားလေးပဲဟာ ဟုတ်တယ်မို့လားခမည်းခမက်တို့"
Mew mae က Mew phaw ကိုရန်တွေ့သလိုလေးပြောရင်း Gulf phaw နဲ့ mae ကိုလှည့်မေးလိုက်တော့ အကုန်လုံးကကရီလိုက်ကြသည်
"ဟုတ်တာပေါ့ရှင် ကျွန်မတို့က ခမည်းခမက်တို့ဘက်က ကျွန်မတို့သားလေးကိုချစ်ပေးတာနဲ့တင်ကျေးဇူးတင်နေပါပြီ"
YOU ARE READING
ကံကြမ္မာရဲ့ စေညွှန်ရာ
Fanfictionအချစ်တွေကအဆုံးမဲ့တယ် မင်းနဲ့တွေ့ဖို့ဖန်တီးပေးလိုက်တဲ့ ကံကြမ္မာကိုသိပ်ကျေးဇူးတင်မိတယ်