အပိုင်း ၅

598 23 0
                                    

#Unicode

တဖြေးဖြေးနဲ့ စာမေးပွဲနီးလာတာမို့ Mew လဲ Gulf လေးနဲ့ ကျောင်းပိတ်ရက်မနက်ဖက်လောက်သာ တူတူသွားဆော့ဖြစ်တော့သည်
Gulf လေးကလဲ Mew စာတွေနဲ့ ရှုပ်နေမှန်းသိသလို သူကိုယ်တိုင်လဲ စာမေးပွဲအတွက် ပြင်ဆင်နေရတာမို့ Mew သွားမဆော့ဖြစ်တာကို ဘာမှမပြော

"ဟေ့ရောင် Mew မင်းစာမေးပွဲပြီးရင်ဘာအစီစဥ်ရှိလဲ"

သူအတွေးလွန်နေတုန်း Kao ကမေးလာတာမို့

"အေး ဘာမှတော့မရှိသေးပါဘူး ဘာလို့လဲ"

"ငါကတော့ ဖငန်းဘက်သွားရမှာကွ ငါ့အဒေါ်တွေကခေါ်ထားလို့"

"အေး ငါလဲ ငါ့အဖွားဆီသွားရမယ်"

"အေးသွားကြလေ ငါကတော့မသိသေးဘူး ဟိုမှာကျောင်းသွားတက်ဖို့လဲ ပြင်ရဦးမှာဆိုတော့"

"အေးပါကွာ"

အချိန်တွေကုန်လာတာ နောက်တစ်ပတ်ဆို Mew တို့စာမေးပွဲဖြေရတော့မယ် လူတွေပြောတာမှန်သားပဲ မကုန်စေချင်ရင် အချိန်တွေက ပိုအကုန်မြန်တာပဲ

"ကိုကို  ကိုကို"

"ဟမ် Gulf လေး ဘာလဲ"

" ကိုကို စာမကျက်ပဲ ဘာတွေတွေးနေတာလဲ Gulf တောင်ကျက်လို့ပြီးတော့မယ်"

သူအတွေးလွန်နေတာကို လူကြီးလေးလိုလာပြောနေတဲ့ Gulf ကိုMew ပြုံးပြလိုက်ပြီး

"ကိုကိုလဲ ကျက်နေပါတယ်ကွ ဒါနဲ့ ကိုကိုမေးဦးမယ် Gulf လေးစာမေးပွဲဖြေပြီးဘာလုပ်ချင်လဲ"

"စာမေးပွဲဖြေပြီးရင်လား အင်း...."

ဘောပင်လေးကိုင်ကာစဥ်းစားနေတဲ့ Gulf လေး ခနနေတော့မှ

"သိပြီ ကစားကွင်းသွားမယ်"

"ကစားကွင်းလား"

"ဟုတ်တယ် Gulf ဒီရောက်တည်းက ကစားကွင်းတစ်ခါမှရောက်ဖူးသေးဘူး"

"ဟုပါပြီ အဲ့တာဆိုစာမေးပွဲပြီးရင် ကိုကိုနဲ့သွားမယ်နော်"

"ဟုတ်"

သူပြောတာကို သဘောတကျနဲ့ပြန်ဖြေလာပြီး ရီပြလာတဲ့ Gulf လေး

💕💕💕💕💕💕💕💕💕💕💕💕💕💕

ဒီနေ့ စာမေးပွဲနောက်ဆုံးရက် Mew ဖြေပြီးတော့ ကျောင်းရှေ့ကိုပဲထွက်လာလိုက်တော့တယ်  Gulf ကစောပြီးတာမို့ စာမေးပွဲရက်တွေဆို ကျောင်းရှေ့နားမှာ Gulf ကထိုင်စောင့်နေကျ

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now