#Unicode
"Hello ကိုကို"
"ညီ ထမင်းစားနေပြီလား"
"ဟုတ် ခုစားတော့မလို့"
"Omm omm အဲ့တာဆိုဒါပဲနော်"
ကမန်းကတန်းဖုန်းချသွားတဲ့ Mew ကြောင့် Gulf ကြောင်သွားသည်
"ဟဲ့ ဘာဖြစ်တာလဲ"
"မသိဘူးဖုန်းချသွားပြီ"
"သြော် အလုပ်များနေလို့ြဖစ်မှာပေါ့"
"အင်း"
"ဒါနဲ့နင့်ရုပ်ကဘာဖြစ်"
"မဟုတ်ပါဘူး အဲ့လိုဘာမပြောညာမပြောနဲ့ဖုန်းမချသွားဖူးလို့"
"အမလေးဟဲ့ ကဲသဲနေတာ လာကြိုတော့မှမေး.... မေး.... ဟဲ့ဟဲ့ လာကြိုတဲ့ထိစောင့်စရာမလိုတော့ဘူးဟဲ့"
"ဟမ် ဘာဖြစ်လို့လဲ"
"ဟိုမှာလေ"
Puefai လက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ သူတို့ဆီလျှောက်လာတဲ့ကိုကို
အလုပ်ကလာတာထင်တယ် မိုးပြာရောင် shirt ကို နက်ပြာရောင် စတိုင်ပန်နဲ့တွဲဝတ်ထားတဲ့ကိုကို
ကျောင်းဝင်းထဲက လူတွေအားလုံးရဲ့အကြည့်တွေက ကိုကို့ဆီမှာ"Gulf လေး ထမင်းစားနေပြီလား"
Gulf တစ်ယောက် Mew ကိုငေးကြည့်နေတုန်း စကားသံကြားမှသတိပြန်ဝင်လာသည်
"ဟမ် သြော် ဟုတ် ဒါနဲ့ကိုကိုကဘယ်လိုဖြစ်ပြီးတော့"
"သြော် ညီ့ကိုတွေ့ချင်လို့လာတာလေ"
"ခုနက ဖုန်းချသွားတာအဲ့တာကြောင့်လား"
"အင်း ဟုတ်တယ်"
Mew စကားကြောင့် Gulf ခေါင်းငုံ့ပြီး ပြုံးလိုက်မိသည်
"စားလေ ညီ "
"ဟုတ် ကိုကိုရောစားပြီးပြီလား"
"Omm ကိုကိုကရုံးမှာစားလာခဲ့ပြီ ညီစားတော့ အချိန်လွန်ရင် ဗိုက်အောင့်မယ်"
"ဟုတ်"
ထမင်းစားနေတဲ့ နေတဲ့ Gulf ကိုရေခွက်လေးပေးလိုက် ပါးစပ်လေးသုတ်ပေးလိုက်လုပ်နေတဲ့ Mew ကိုဘေးက လေးယောက်ကတော့ ပါးစပ်အဟောင်းသားနဲ့ကြည့်နေကြသည်
တစ်ကမ္ဘာလုံးမှာနှစ်ယောက်တည်းရှိနေတယ်လို့ ထင်နေကြသလားမသိ
YOU ARE READING
ကံကြမ္မာရဲ့ စေညွှန်ရာ
Fanfictionအချစ်တွေကအဆုံးမဲ့တယ် မင်းနဲ့တွေ့ဖို့ဖန်တီးပေးလိုက်တဲ့ ကံကြမ္မာကိုသိပ်ကျေးဇူးတင်မိတယ်