အခန်း(၁၁၄) - အချပ်ပို(၁)

8K 1.3K 102
                                    

Unicode

သူတို့တွေ Tahiti ကနေပြန်လာတဲ့အထိ စုန့်ရိရှီမှာ အိမ်မက်မက်နေသေးသလိုပဲ။

ဒါက သူ့ဘဝမှာ လေယာဉ်ကိုပထမတန်းကနေစီးနိုင်ခဲ့တဲ့ ဒုတိယအကြိမ်(သူတို့ Tahiti ကိုလေယာဉ်စီးသွားခဲ့တုန်းက ပထမအကြိမ်)ဖြစ်ကာ သူ့မှာ ကျဲခိုင်ကိုထပ်ကာတလဲလဲပြောနေမိတယ်၊
" ၁၃ နာရီကြာစီးရတဲ့လေယာဉ်ပေါ်မှာ လမ်းတစ်လျှောက်လုံး ငါအိပ်ပျော်နေမယ်လို့ ဘယ်သူထင်မှာလဲ! "

သူ့ထိုင်ခုံဖော်က စကားဝိုင်းထဲပါဝင်လာတယ်၊
" ပြီးတော့ မင်း ထမင်းလေးနပ်တောင် စားခဲ့သေးတယ် "

စုန့်ရိရှီကပြောတယ်၊
" အေး၊ ဟုတ်တယ်ကွ! အဲ့ဒါတွေအားလုံးက အရမ်းအရသာရှိတာပဲ! "

ကျဲခိုင်က တစ်မူထူးကာ သူ့အာရုံက ယောက်ျားတစ်ယောက်အတွက် အလွန်ကိုက်ညီလှတယ်၊
" လေယာဉ်မယ်က သိပ်လှတယ်ကွာ၊ သူမက ငါ့ကိုပြုံးပြလာတော့ ငါ့ရင်ထဲ ပန်းတွေပွင့်သွားတာပဲ "

စုန့်ရိရှီကလည်း ရှက်ကိုးရှက်ကန်းနဲ့ ပြောတယ်၊
" အဟွတ်၊ သူက ငါ့ကို'လူကြီးမင်း'လို့တောင် ခေါ်တာကွ၊ ဟင်း... ငါ ပထမဆုံးအကြိမ် 'လူကြီးမင်း'လို့အခေါ်ခံလိုက်ရပြီး ခေါ်တဲ့သူကလည်း ဒီလို‌အချောအလှလေးတဲ့ကွာ၊ သေချာပေါက် မင်္ဂလာရှိတာပဲ ... "

Tahiti သို့သွားရခြင်းရဲ့အထူးဆိုးရွားတဲ့အချက်က ခရီးဝေးဖြစ်နေတာပါပဲ၊ အသင့်တော်ဆုံးလမ်းကြောင်းကပင် တိုကျိုမြို့မှာ ကူးပြောင်းဖို့ လိုအပ်တယ်။

သူတို့က ခရီးအပြန်ကိုစီစဉ်တဲ့အခါ ဟော့ရှန်က အကြံပေးတယ်၊
" ငါတို့ ဂျပန်မှာ ရက်တချို့လောက် နားလို့ရတယ် "

ချောင်ရှောင်ကထပ်ပြောတယ်၊
" ဟုတ်တယ်၊ ငါတို့ ရေပူစမ်းကိုသွားလို့ရတယ် "

ကျန်တဲ့သူတွေမှာ ဘာကန့်ကွက်မှုမရှိတာ အသေအချာပါပဲ။

သူတို့ Tahiti မှာ အလွန်ပျော်ပါးခဲ့ကြတဲ့အထိ လူတိုင်းက အမြဲအတူတကွစုရုံးနေခဲ့တာမို့ ချောင်ရှောင်မှာ ချင်စုနဲ့သီးသန့်စကားပြောဖို့ အခွင့်အရေးကို ဘယ်တုန်းကမှရှာမတွေ့ခဲ့ဘူး။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now