(2008 ဆိုးလ်:ဒိုဂျင်)
" ငါယောင်္ကျားလေးတွေ မကြိုက်ဘူး "
ကြားလိုက်ရသည့်စကားသံဟာ
မည်သည့်တင်းမာခြင်းမှမပါသော်လည်း
Baekhyun ရင်ထဲသို့ စူးနင့်စွာနဲ့
အရှိန်ပြင်းပြင်းတိုးဝင်လာခဲ့သည်
ကျွန်တော်ကမ်းပေးထားမိသော
handmade စာအုပ်လေးကို
အားနာသလိုကြည့်နေသူဟာ
လှမ်းတော့မယူ။
သတ္တိမွေးပြီးဖွင့်ပြောခဲ့ပေမယ့်
တုံ့ပြန်တာက Yes လည်းမဟုတ်သလို No
လည်းမဟုတ်ခဲ့။
ယောင်္ကျားလေးတွေကို မကြိုက်ဘူးတဲ့လား။
ဒီစကားကို ထိုသူတော်တော်မျက်နှာပူစွာ
ပြောလိုက်တာကို baekhyun သိသည်။
အရင်ကတည်းက သဘောကောင်းသူမို့
ကျွန်တော့်ကိုလည်း တော်တော်အားနာနေမယ်ဆိုတာ
သိသည်။
သို့သော် ဒီခံစားချက်တွေက
ဒီစကားတစ်ခွန်းနဲ့ချေပလိုက်ရုံနဲ့
အဆုံးသတ်လို့မရပါ။
ဘယ်လောက်ထိ လေးလေးနက်နက်ရှိလဲဆိုတာ
ထိုသူ မသိပါပဲ ဒီလိုအလွယ်တကူ
ငြင်းခွင့်မရှိ။
baekhyun သည် မျက်နှာချင်းဆိုင်ရပ်နေသူ၏
မျက်နှာကို သေသေချာချာမော့ကြည့်လိုက်မိသည်။
မျက်ရည်တွေရစ်သိုင်းနေသော baekhyun ၏
မျက်လုံးတွေကိုမြင်လိုက်တဲ့အခါ
တစ်ဖက်လူဟာ အနည်းငယ်
ထိတ်လန့်သွားဟန်ရှိသည်။
ဒီလိုမျက်ရည်တွေထွက်မလာအောင်
baekhyun အတတ်နိုင်ဆုံးစိတ်ကို
တင်းထားခဲ့သည်။တင်းထားခဲ့သော်လည်း
ဒီအခိုက်အတန့်တွင်တော့
သူလည်းမထိန်းချုပ်နိုင်တော့ပါ
ဒီလိုစကားတစ်ခွန်းနဲ့ ငြင်းလိုက်လို့ရတဲ့
ခံစားချက်တွေ မဟုတ်ဘူးလို့ပြောနေတာ။
" Chanyeol .. ငါလေ
ငါမင်းကိုဖွင့်ပြောဖို့ အချိန်တွေ
အများကြီးယူခဲ့ရတယ်
ငါနားလည်တယ်
မင်းဘက်က ရုတ်တရပ်ကြီးအစမရှိ အဆုံးမရှိ ဘာထပြောတာလဲလို့တွေးမိမှာပဲ
ဒါမယ့် ငါ အမြဲတမ်းမင်းရဲ့ခြေတစ်လှမ်းကအစ
လိုက်ကြည့်နေခဲ့တာ။
မင်းပုံကိုပုံတူဆွဲဖို့ ပန်းချီဆွဲသင်တယ်
မင်းကိုတီးပြချင်လို့ ဂီတာတီးသင်တယ်
မင်း social မှာတင်သမျှသီချင်းတိုင်း
လိုက်နားထောင်တယ်
မင်းထိုင်တဲ့ကန်တင်းမှာ အမြဲလိုက်ထိုင်ပြီး မင်းစားတတ်တာတွေအမြဲမှာစားတယ်
ငါ ဒီလိုဖွင့်ပြောဖို့ကိုရက်ပေါင်းများစွာ
အားယူခဲ့ရတယ် လွယ်လွယ်ကူကူ
ပြောလိုက်တာလို့မထင်စေချင်ဘူး နောက်ပြီး
ပေါ့ပျက်ပျက်လို့လဲ မတွေးစေချင်ဘူး
