Part 3

1.1K 220 7
                                        

တီ ..တီ

တီ..တီ

တီ..တီ

အဆက်မပြတ်မြည်နေသောနှိုးစက်သံကြောင့်
baekhyun သည် စောင်အောက်ထဲမှ
လက်တစ်ဖက်ကို ထုတ်ပြီးဖုန်းကိုရှာရသည်။
ဘယ်လိုစမ်းစမ်းမတွေ့တာကြောင့်မျက်လုံးကိုဖွင့်ပြီးထထိုင်၍ရှာတော့မှစောင်ကြားထဲရောက်နေသော
ဖုန်းကိုတွေ့ရသည်။baekhyun
Alarm ကိုပိတ်ကာ အိပ်ချင်မူးတူးနဲ့
ခေတ္တငိုင်နေမိသေးသည်
မိနစ်နည်းနည်းကြာတော့မှ
ရေချိုးခန်း ရှိရာသို့ထလာခဲ့သည်

ဒီနေ့ က ကျွန်တော်​၏ပထမဆုံး
အလုပ်သွားရမည့်နေ့ဖြစ်သည်။
မထင်မှတ်သော ဘဝအချိုးအကွေ့တစ်ခု​ေကြာင့်
ကတိတွေနဲ့ အိပ်မက်တွေအတောင်
ကျိုးသွားခဲ့ရ​ေသာ Baekhyun သည်
us သို့ပြောင်းရွေ့ခဲ့ပြီးနောက်
၁၀ နှစ်ကျော်အကြာတွင်
မွေးရပ်မြေသို့ လွန်ခဲ့တဲ့၂ ပတ်က
ပြန်ရောက်လာခဲ့သည်။

Us မှာရှိနေခဲ့တဲ့အချိန်တွေများတာကြောင့်
baekhyun သည်ကိုရီးယားနဲ့အံဝင်ခွင်ကျဖြစ်အောင်
မနည်းကိုယ့်ကိုယ်​ကိုယ်လုပ်ယူနေရသည်

ငယ်ငယ်ကအမှတ်ရများစွာရှိနေခဲ့သော
နေရာကိုပြန်ရောက်လာတဲ့အခါ
ရင်ထဲတွင်အလွန်နက်ရှိုင်းလေးနစ်နေသော
လွမ်းဆွတ်ခြင်းတစ်မျိုးကိုသာခံစားရသည်

နက်ကတိုင်ကို လည်ပင်းထိရောက်အောင်
ဆွဲယူလိုက်သော baekhyun သည်
ယခု အသက်၃၁ ရှိနေပြီဖြစ်သည်။
အိမ်ရှေ့ကဆိုဘယ်လ်သစ်ပင်ကြီးကို
လှမ်းကြည့်လိုက်မိသည်

ဝေဝါးသော ၁၈ နှစ်
ကောင်လေးတစ်ယောက်​၏
ပုံရိပ်တစ်ခုမျက်လုံးထဲမြင်ယောင်​လာမိ၏

ထိုကောင်လေးဟာ Baekhyun ​၏
အိမ်ရှေ့တွင် Baekhyun ထွက်လာမည့်အချိန်ကို
ရပ်စောင့်နေသည်

" Chanyeol !!! "

အိမ်ထဲမှဝမ်းသာအားရပြေးထွက်သွားသော
Baekhyun သည် Chanyeol ​၏
ကိုယ်ပေါ်ကိုဝုန်းခနဲခုန်တတ်ကာ
တိုးဝင်ပွေ့ဖက်လိုက်သည်။

အလွန်နှစ်လိုဖွယ်ကောင်းသော
ရယ်သံအောအောကို အခုအချိန်ထိ
နားထဲမှာပြတ်သားစွာကြားနေသေးသည်။

Wrong LinesWhere stories live. Discover now