Part 2

1.2K 235 15
                                        


" တီ ... တောင် "

ကျောင်းခေါင်းလောင်းသံမြည်လာတဲ့အခါ
အတန်းထဲမှာ ငိုက်နေသမျှ
အကုန်ခေါင်းထောင်လာကြ​၏။

ကျောင်းဆင်းချိန်ရောက်ချိန်တိုင်းပြတင်းပေါက်ရှိရာကိုဖြာကျတတ်တဲ့ နေရောင်နွေးနွေးကို
chanyeol လှမ်းကြည့်ဖြစ်သည်။
ပြတင်းပေါက်အပြင်က ဆိုဘယ်လ်သစ်ရွက်တွေကို
လှမ်းမြင်နေရသည်။
​နောက်ပြီး ထိုပြတင်းပေါက်ဘေးတွင်
အိပ်နေသောသူကိုလည်း လှမ်းကြည့်ဖြစ်သည်။

တကယ်တော့
baekhyun နှင့်သူနဲ့ကြား
ဘာက ဘယ်လိုတွေ ဖြစ်သွားတာလည်း
သေချာပင်မသိလိုက်ပါ

ရုတ်တရပ် ဖွင့်ပြောလာခဲ့သူသည်
ရုတ်တရပ်ဆန်စွာပဲ
ဆက်ဆံရေးကိုပြောင်းလဲပစ်ခဲ့သည်။

နေရခက်တဲ့ အခြေအနေတွေကိုဖန်တီးတတ်ပြီး
သူမဟုတ်တဲ့အတိုင်းလည်း ပြန်လည်ချေပသွားတတ်သည်။

ငယ်ငယ်လေးကတည်းက
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
အတူတူကြီးလာခဲ့တဲ့
သူငယ်ချင်းက ချစ်နေတယ်လို့ ပြောလာခဲ့တဲ့
ကိစ္စရပ်အပေါ် Chanyeol အနေနဲ့
ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲမသိပါ

အဓိက အချက်က
သူရော ကိုယ်ရောနှစ်ဦးလုံးက ယောင်္ကျားလေး။
ချစ်ကြိုက်ဖို့ဆိုတာ
ယောင်လို့တောင်တွေ့ကြည့်ဖူးတဲ့ကိစ္စမဟုတ်။

ဘယ်လိုကြောင့် Baekhyun​၏ နှလုံးသားက
ကျွန်တော့်အတွက်လှိုက်ခုံခဲ့သနည်း။

Baekhyunကိုငယ်စဉ်ကတည်းက
ချစ်စရာကောင်းတဲ့သူငယ်ချင်းတစ်ယောက်လို့
မြင်ခဲ့သည်။ပျော်ပျော်နေတတ်ပြီးအပေါင်းအသင်းလည်းများသူဖြစ်​၏။ငယ်ငယ်ကအတူသွားအတူလာ
များခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာ
ကျွန်တော်တို့နှစ်ယောက်က
ကွဲကွာသွားတယ်လို့မဆိုရပေမယ့်
အနည်းငယ်တော့ဝေးသွားသည်။
အလွန်ရင်းနှီးသော သူငယ်ချင်းဆက်ဆံရေးမျိုးမဟုတ်တာကိုဆိုလိုချင်တာဖြစ်သည်။

ကျွန်တော့်အနေနဲ့ဘယ်လိုပဲစဉ်းစားပါစေbaekhyun ကျွန်တော့်အပေါ်ဒီလိုစိတ်မျိုးဖြစ်လာစရာအကြောင်းအရင်းမရှိလို့ထင်မိသည်။

Wrong LinesWhere stories live. Discover now