" Baekhyun မင်းအဖွဲ့မှူးနဲ့ တစ်ခုခုရှိလား"
ကော်ဖီအတူသောက်နေရင်းမှ ထမေးလာတဲ့
စီနီယာအစ်ကိုကြောင့် Baekhyun
လှည့်ကြည့်ဖြစ်သည်။
" ဗျာ ?"
" မဟုတ်ဘူး ငါပဲအထင်မှားတာလားမသိပေမယ့်
အဖွဲ့မှူးက မင်းကိုအရမ်း
ခါးနေသလိုပဲ "
စီနီယာ၏စကားကိုကြားလိုက်တဲ့အခါ
baekhyun ပြုံးရုံပြုံးမိသည်။
ဘေးလူတွေတောင် သတိပြုမိတဲ့အထိ
ကျွန်တော့်ချစ်သူက သိသိသာသာကို
အဖတ်မလုပ်ခြင်းဖြစ်သည်။
အဖတ်မလုပ်တာထပ် လုံးဝ မရှိတဲ့ဖြစ်တည်မှုတစ်ခုလို ဆက်ဆံတဲ့အခါ
baekhyun သည် မျက်လွှာများချထားရုံသာ
တတ်နိူင်ပါသည်။
သူစိတ်ပြေတဲ့အထိ သူကြိုက်သလိုနေပါစေ။
ကျွန်တော့်မှာ ပေးစရာဆင်ခြေမရှိသလို ဖြေရှင်းစရာ လည်းဘာမှမရှိပါ။
ဒီအတိုင်း မသိချင်ယောင်ဆောင်ဖြစ်ရုံသာ
စွမ်းနိူင်တယ်
တစ်နေ့ထပ်တစ်နေ့ဝေးကွာလာသူသည်
ဖြည်းဖြည်းချင်းအလှမ်းဝေးလာသည်။
အခွင့်အရေးသာရှိခဲ့ရင် အရာအားလုံးအတွက်
တောင်းပန်ချင်ခဲ့ပေမယ့်
သူဟာ အခွင့်အရေးမပြောနဲ့။
ကျွန်တော့်ကို တစ်ခါမှစိုက်တောင်မကြည့်ခဲ့။
တစ်ခါမှမသိခဲ့ဖူးတဲ့လူတွေလို့ပြောဖို့အတွက်
သူကအရမ်းရင့်ရင့်သီးသီးဆက်ဆံသကဲ့သို့
သိခဲ့တယ်လို့ပြောဖို့အတွက်လည်း
အရမ်းကိုဝေးကွာလွန်းနေတယ်
ဒီအဖြေကသာ အမှန်ဆုံးဖြစ်နိူင်ပါတယ်
" ဘာမှ မပတ်သက်ပါဘူး
ဒီတိုင်း အဖွဲ့မှူးက ကျွန်တော့်ကို
ကြည့်မရတာနေမယ် "
baekhyun ၏အဖြေကြောင့် စီနီယာက
အတွေးတွေများသွားပုံရသည်။
" ဘာမှမရှိပဲ ဒီတိုင်းကြီးဆက်ဆံတာတော့မဟုတ်သေးပါဘူး "
baekhyun သည် ဘာမှမဖြစ်သလိုသာ ပြုံးရင်း
လက်ထဲကကော်ဖီကိုယူသောက်ဖြစ်သည်။
အဆင်ပြေမယ့်ရက်တွေရောက်လာမှာပါ
ဟုတ်တယ်မလား။
အခွင့်အရေးရမယ့်နေ့တွေကိုသာ
စောင့်ဆိုင်းရင်း အတတ်နိူင်ဆုံး လစ်လျူမှုတွေကို
မသိချင်ယောင်ဆောင်ပြီးနေခဲ့ရာမှ
အချိန်တွေက ဖြည်းဖြည်းချင်းကုန်ဆုံးလာသည်။
