ရင်အကွဲခံပြီး လမ်းခွဲခဲ့တဲ့အထိ ချစ်ခဲ့ရသူမို့
ဘယ်လောက်အထိ Baekhyun
ငြင်းဆန်နိူင်ပါ့မည်နည်း

​အတင်းအကျပ်ဆန်နေသူကို
ငြိမ်သက်ပေးမိသည့်အခါ နှုတ်ခမ်းသားများက ဖြည်းဖြည်းချင်းနူးညံ့လာခဲ့သည်။

လေးနှစ်တိတိတွဲခဲ့ဖူးပေမယ့်
ဒါ ပထမဆုံးအနမ်းဖြစ်ပါသည်။

လိပ်ပြာတောင်ပံခတ်သံတွေလို နူးညံ့နေသည့်
အနမ်းတွေမဟုတ်သော်လည်း
ရင်ခုန်ရဆဲပဲ

baekhyun ​၏မျက်ရည်တွေကြားမှ
အနမ်းတွေကို အတင်းယူနေသူဟာ
သူဘာလုပ်နေလဲဆိုတာရော သူ့ကိုယ်သူသိပါရဲ့လား

​အရှိန်လျော့သွားတဲ့ နှုတ်ခမ်းပါးတွေနောက်တွင်
Baekhyun သည်လွတ်လပ်ခွင့်ရသွားခဲ့သည်။

Chanyeol သည် Baekhyun ​၏လည်တိုင်ကို ကိုင်ထားရင်း မျက်လုံးများမှိတ်ကာ အသက်ပြင်းပြင်းရှု​၏။Chanyeol ​၏ဝင်သက်ထွက်သက်တိုင်းသည်
baekhyun ​၏ နှာဖျားအပေါ် ရိုက်ခတ်နေသည်

" မင်းတကယ်ငါ့ကိုရူးအောင်လုပ်တယ် "

Chanyeol ၏စကားသံတိုးတိုး။

မျက်လုံးဖွင့်ကြည့်မိသော baekhyun သည်
မျက်ရည်တွေဝဲနေဆဲဖြစ်သည်။

မည်သူထင်ထားမည်နည်း။

Chanyeol ​၏မျက်ဝန်းများတွင်လည်း မျက်ရည်စများနဲ့ဖြစ်ပါသည်။

" မင်းကိုချစ်လွန်းလို့ရူးအောင်လုပ်တယ်

မင်းကိုမုန်းလွန်းလို့ရူးအောင်လုပ်တယ် "

မင်းအရင်ချစ်ခဲ့တာလေ Baekhyun
မင်းငါ့ကိုချစ်တယ်လို့ပြောခဲ့ပြီး
မင်းကိုချစ်အောင်လုပ်ခဲ့တာလေ
ရူးမတတ်ချစ်မိသွားတဲ့ အချိန်မှာ
မင်းပဲ ထားသွားခဲ့တာမဟုတ်ဘူးလား
ငါ ဘာတစ်ခုမှ မမှားခဲ့ပဲ
သေအောင်တောင်းပန်ပြီး ဆွဲထားခဲ့တာတောင်
မင်းထားသွားခဲ့တာ မဟုတ်ဘူးလား

အခုမှဘာလို့ပြန်ပေါ်လာတာလဲ

ဘာလို့အခုမှ အဲ့ဒီအားနာတဲ့အကြည့်တွေနဲ့လာလာ
ကြည့်နေတာလဲ

မင်းအရမ်းမရက်စက်ဘူးလား "

baekhyun သည်
ဒီထပ်ပိုပြီးမထိန်းထားနိူင်တော့ပါ။
အနှစ်နှစ် အလလ မျိုသိပ်ထားမှုတွေကို
လွှတ်ချလိုက်သော အခါ
မျက်ရည်တွေသာကျလာတော့သည်။ ငိုသံများနဲ့ အတူ baekhyun ​၏ပုခုံးများတုန်ယင်လာခဲ့သည်

တောင်းပန်ပါတယ်ဆိုတဲ့စကားကို
စိတ်ထဲကအကြိမ်တစ်ထောင်ရေရွတ်နေမိသော်လည်း နှုတ်မှ ငိုသံများအပြင်မည့်သည့် စကားမှထွက်ကျမလာခဲ့။

တောင်းပန်ပါတယ်လို့ပြောဖို့ အားနာမိတဲ့အထိ
ကျွန်တော် chanyeol အပေါ်မှားခဲ့သည်

အကြိမ်ကြိမ်ထားမသွားရန် တောင်းပန်နေခဲ့သော စကားများကိုအခုထိနားထဲမှာ လတ်လတ်ဆတ်ဆတ်ကြားနေရဆဲဖြစ်ပါသည်။

" ငါ .. ငါ .....တောင်းပန်ပါတယ်
Chanyeol
ငါ့မှာ တကယ်ပြောစရာ စကားမရှိပါဘူး "

ရှိုက်ငိုနေသော baekhyun ​၏တစ်ကိုယ်လုံးသည်
ရုတ်တရပ်ဆွဲယူပွေ့ဖက်လိုက်သော ရင်ခွင်ထဲမှာ
နစ်မြုပ်သွားခဲ့ရသည်။

မလွန်ဆန်နိူင်ပါ

ငယ်ငယ်လေးကတည်းက အခုထိ Chanyeol
သူ့အ​ေပါ်တစ်ခုမှမလွန်ဆန်နိူင်ခဲ့ပါ

ပထမဆုံးဖွင့်ပြောခဲ့တဲ့နေ့က မော့ကြည့်လာသော
မျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းတွေကို လည်း
မလွန်ဆန်နိူင်ခဲ့ပါ

ရက်ရက်စက်စက်ဖြတ်ချခဲ့ပြီး
နိူင်ငံခြားထွက်သွားသူ​၏ အိမ်ရှေ့ကိုနေ့တိုင်းနီးပါး အဆက်မပြတ်သွားစောင့်ခဲ့သည်
ပြန်လာလောက်မှာပါဆိုတဲ့စိတ်နဲ့
စောင့်နေခဲ့သည်။
ရင်တွေနာသော်လည်းမမုန်းနိူင်ခဲ့ပါ

အကြိမ်ကြိမ် ကျဆုံးခဲ့သော
ကျွန်တော်ဟာ အခု သူ့ရဲ့မျက်ရည်တွေအောက်မှာ
လည်းထပ်မံကျဆုံးရပြန်တယ်

ဘယ်လောက်အထိများ ကျွန်တော်သူ့ရှေ့မှာ
မာကျောပြနိူင်မှာလဲ

နှစ်တွေအကြာကြီးထားသွားခဲ့ပြီးမှ
ပြန်ရောက်လာသူကို မျက်နှာလွှဲချင်ယောင်ဆောင်
ခဲ့ပေမယ့် အရိပ်တကြည့်ကြည့်ခိုးကြည့်နေမိတာ
ကိုယ့်ကိုယ်ကိုယ်သာသိတယ်

အခုလည်း သူနာကျင်ရပါစေဆိုတဲ့စိတ်နဲ့
အကုန်သွန်ချကာပြောပစ်လိုက်ပြီးမှ
မျက်ရည်တွေနဲ့မျက်နှာလေးကိုမြင်တဲ့အခါ
ဒူးထောက်ရသူက ကိုယ်တိုင်ပဲဖြစ်ခဲ့တယ်

Baekhyun က ကျွန်တော်ဘယ်တော့မှ
လွတ်မြောက်နိူင်မှာမဟုတ်တဲ့
စက်ဝန်းတစ်ခုပဲ။

ထိုစက်ဝန်းထဲမှာရှိနေတဲ့ကျွန်တော်က
မှားယွင်းပြီးရေးခြစ်လိုက်မိတဲ့
မျဉ်းတစ်ကြောင်းလို
အကြိမ်ကြိမ် ရေးခြစ်မိလိုက်
အကြိမ်ကြိမ် ပြန်ဖျက်ဖြစ်လိုက် ..

တစ်ခါလောက်တော့ ထိုစက်ဝိုင်းကို ပတ်ရံထားတဲ့
မျဉ်းကြောင်းလေးပဲ ဖြစ်ချင်ခဲ့မိ တယ်

Wrong LinesWhere stories live. Discover now