baekhyun သည် ရင်ထဲက ဘာမှန်းမသိသော
ဆိုနင့်လာမှုကို မျိုချရင်း
အကြည့်တွေလွှဲသွားခဲ့သည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာ
Baekhyunမျက်ရည်များ ဝဲတတ်လာသည်။
ရအောင် ထိန်းနေသည့်ကြားထဲမှ
ဝဲတတ်လာခြင်းဖြစ်သည်။
ထိုမျက်ဝန်းတွေနဲ့မော့ကြည့်မိသောအခါ
chanyeol ၏ဒေါသတွေနဲ့ပြည့်နေသော
အကြည့်တွေကိုရင်ဆိုင်လိုက်ရသည်။
အနည်းငယ်တုန်လှုပ်သွားတဲ့ Chanyeol မျက်လုံးတွေက ကျွန်တော့်မျက်ရည်တွေကြောင့်လား။
baekhyun သည် ရင်ဘတ်တစ်ခုလုံး ပိတ်ဆို့သွားသောဝမ်းနည်းမှုကြောင့်
ဘာစကားမှမပြောနိူင်တော့ပါ
မျက်တောင်များတစ်ဖျတ်ဖျတ်ခတ်ရင်း
ပါးပေါ်စီးကျလာသော မျက်ရည်တွေကို
Chanyeol မမြင်အောင် ခေါင်းငုံ့ချမိသည်။
အဆက်မပြတ်ကျလာသော မျက်ရည်စက်တွေက
ဘယ်လိုမှထိန်းချုပ်လို့မရတော့သည့်အခိုက်အတန့်တွင် baekhyun သည်
နှာခေါင်းထပ်များအထိနီရဲလာသည်။
အသံတွေပါတုန်လာခဲ့၏
Baekhyun အခု ခံစားရတာဝမ်းနည်းခြင်းတစ်မျိုးသာရှိသည်။ Chanyeol ထိုစကားတွေကို
ဒီလိုမျက်တောင်တစ်ချက်မခတ်ပြောထွက်တာက
ဒီရင်ကိုပိုနာကျင်စေသည်
" တောင်းပန်ပါတယ်
ကျွန်တော် အသစ်ထပ်ပြီးကြိုးစား !!
ရုတ်တရပ်ဆွဲမော့ခံလိုက်ရသော မျက်နှာနောက်တွင်
baekhyun ၏နှုတ်ခမ်းများသိမ်းပိုက်
ခံလိုက်ရသည်။
ကြမ်းတမ်းစွာ တိုးဝင်လာသော
ရုတ်တရပ်ဆန်သည့်အနမ်းသည် ရင်ထဲက နှလုံးသားရှိရာသို့
လေမုန်တိုင်းတစ်ခုလိုဝင်ရောက်လာခဲ့၏
Chanyeol သည် baekhyun ၏မျက်နှာကို
လက်နှစ်ဖက်လုံးနဲ့အုပ်ကိုင်ကာ
နမ်းရှိုက်လာခဲ့ခြင်းဖြစ်သည်။
ကျောက်တုံးတွေလိုသန်မာနေသောရင်ဘတ်တွေကိုထုရိုက်ရုန်းသော်လည်း
chanyeol မှာအနည်းငယ်ပင်တုန်လှုပ်ခြင်းမရှိ။
ပို၍နစ်ဝင်အောင်နမ်းယူသည်။
နှစ်ပေါင်းများစွာ တောင့်တနေခဲ့သောအရာတစ်ခုကို လက်ခံရရှိလိုက်သလို အသိစိတ်မဲ့စွာ
ဆုပ်ယူနမ်းရှိုက်နေသည်။
Part 4
Start from the beginning
