Baekhyun
လက်သီးက်ိုတင်းတင်းဆုပ်မိလိုက်သည် 

" မင်းလုပ်ထားတဲ့ design ကိုမင်းပြန်ကြည့်။
အရမ်းလက်ပေါက်ကပ်တဲ့ Client
မို့လို့ရှောင်ရမှာနဲ့ သေချာပေါက်ထည့်လုပ်ရမယ့်အရာတွေအားလုံး list ရှိပြီးသား
အဲ့အဓိက ဟာတွေအကုန်ပယ်ချပြီး
မင်းသဘောအတိုင်း ဒီဇိုင်းဆွဲချလာတယ်
အလုပ်ကိုအလုပ်နဲ့တူအောင်ရော လုပ်ရဲ့လား။
Client ရဲ့အိမ်ကို client ရဲ့အကြိုက်ထဲက မထွက်ပဲ
အတတ်နိူင်ဆုံးအကောင်းဆုံးဆောက်ပေးရမှာ
ငါတို့တာဝန်ပဲ
သူဧည့်ခန်းမထားဘူးလို့ ပြောထားတယ်
မင်းဒီဇိုင်းထဲက 6 ပေပတ်လည်ဧည့်ခန်းက ဘာလဲ
မင်းရဲ့စောက်သုံးမကျတဲ့
ဒီဇိုင်းကို လာတင်ပြပြီး
ဘာကိုယ်ရေးကိုယ်တာအကြောင်းကို ထည့်ပြောနေတာလဲ  ကိုယ့်ကိုယ်ကိုယ်အရမ်းအထင်ကြီးနေတာလား မင်းကဘာမို့လို့ လဲ "

Baekhyun သည်လည်ချောင်းတွေ
တစ်လျှောက်လုံးပူဆင်းလာသည်။
တကယ်တော့ Client ရဲ့အကြိုက်ကိုထည့်မတွက်ခဲ့တာ မဟုတ်ပါ။သို့သော် ဒီဇိုင်းနာတစ်ယောက်အနေနဲ့ ပိုကောင်းလောက်မည်ထင်တဲ့အရာကို
အတတ်နိူင်ဆုံးကြိုးစားပြီး ချပြခဲ့တာဖြစ်သည်​။
သို့သော် Chanyeol ပြောတဲ့အတိုင်း ကျွန်တော်က
ကိုယ်စိတ်ထင်ရာ ဆွဲလာခဲ့သော ဒီဇိုင်းဆိုတာကို
အပြတ်မငြင်းနိူင်။

" မင်းလိုကောင်အကြောင်းကို တကူးတကခေါင်းထဲထည့်ဖို့အချိန်မရှိဘူး
ဘာမဟုတ်တဲ့အတိတ်တွေကို လုပ်ငန်းခွင်ခေါ်မလာနဲ့ မင်းပြောတဲ့အတိုင်း ကိုယ်ရေးကိုယ်တာနဲ့
အလုပ်ကိုခွဲထား
အရည်အချင်းမရှိရင် အလုပ်ထွက်လိုက် "

အကြောင်းအရာများအားလုံးပေါင်းစည်းပြီး အလုံးအရင်းတိုးဝင်လာသော
ဓားလိုထက်တဲ့စကားတွေ။

" မင်းကိုက ငါဘာလုပ်လုပ်အကောင်းမမြင်တာလေ
ဒီ၂ လ လုံးလုံးငါ့ idea သေးသေးလေး
တစ်ခုတောင် မင်းလက်ခံခဲ့လို့လား
အဆင်မပြေရင်ပြန်ပြင်လို့ရတယ်
ဒီလိုတစ်စစီ ဆုတ်ဖြဲဖို့လိုလား "

" မင်းဒီဇိုင်းက အဆင်မပြေလို့ မပြေဘူးပြောတာ
မကျေနပ်ရင် အလုပ်ပြောင်း
မဟုတ်ရင် ဆက်သည်းခံလိုက်။
မင်းမှာ ကွန်ပလိန်းတတ်ခွင့်မရှိဘူး "

Wrong LinesWhere stories live. Discover now