အာဏာကို အတိတ်က ဖြတ်ခဲ့တဲ့ ex ကို
လက်စားချေဖို့သုံးနေတာလား။

စောက်ရူးကောင်။

Project စကတည်းက မျိုသိပ်ထားသော
မကျေနပ်ချက်တွေသည်
ပြင်ဆင်ထားသော design များ
ဆုတ်ဖြဲခံလိုက်ရတဲ့ ဒီညတွင်
ပေါက်ထွက်သွားခဲ့သည်။

chanyeol သည် Baekhyun ၂ လ
နီးပါးပြင်ဆင်ထားခဲ့သော
Design စာရွက်စာတမ်းများကို
လက်နှစ်ဖက်နဲ့ ဖြဲယူကာ
လုံးချေလွှင့်ပစ်လိုက်သည်။

ဒီလုပ်ရပ်ကတော့ မိုင်ကုန်သွားခဲ့ပြီဖြစ်သည်

" ဘာလုပ်တာလဲ အဖွဲ့မှူး "

Baekhyun ​၏ မေးခွန်းကိုကြားတဲ့အခါchanyeolလှည့်ကြည့်သည်။

" ဘာလုပ်တာလဲ ?
အဲ့တာမင်းကိုမေးရမှာ
နှစ်လလုံးလုံးမင်းဘာလုပ်နေတာလဲ "

" ဘာဖြစ်လို့လဲ
အဆင်မပြေဘူးဆိုရင်ပါးစပ်ကပြောလို့ရတယ်
ဒီလိုဖြဲပစ်ဖို့အထိလိုလို့လား "

" ၂ လလုံးလုံးအချိန်ကုန်ခံပြီးစောင့်ပေးထားတဲ့
design က ကလေးဆွဲတဲ့အိမ်သာသာ ထွက်လာတဲ့လက်ရာကို ငါက ဘယ်လိုတုံ့ပြန်ရမှာလဲ
နေရောင်ဝင်လို့မရဘူးလို့ငါပြောခဲ့ပြီးသား
မင်းရဲ့မှန်တောင်မပါတဲ့ပြတင်းပေါက်တွေက ဘာလဲ
ငါပြောတာကို ဂရုမစိုက်တာလား "

" အဲ့ပြတင်းပေါက်ကို နေရောင်ကာလို့ရမယ့်
နည်းလမ်းတွေ ကျွန်တော်တို့မှာ အခုတစ်ရာလောက်ရှိတယ် အဖွဲ့မှူး
သူများကြိုးစားထားတဲ့အရာကို အဲ့လိုမိုက်ရိုင်းတာ
ကောင်းတဲ့အပြုအမူလည်းမဟုတ်ဘူး
နောက်ပြီး အရမ်းသိသာနေလွန်းလို့သတိပေးတာပါ
ကျေးဇူးပြုပြီး
အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုခွဲခြားပေးပါ "

" ကိုယ်ရေးကိုယ်တာ ? "

Chanyeol ​​၏ပြန်မေးလာသော
စကားနောက်တွင် လှောင်ရယ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

" မင်းရဲ့စုတ်ပြတ်နေပြီး ဘာအတွေးအခေါ်မှ
မပါတဲ့ ဒီဇိုင်းကို ရှုံ့ချလို့အခုကိုယ်ရေးကိုယ်တာနဲ့ရောတယ်လို့လာပြောနေတာလား "

Chanyeol သည် Baekhyun အနားသို့ခြေလှမ်းအကျဲကြီးများနဲ့တိုးကပ်လာခဲ့သည်။

Wrong LinesWhere stories live. Discover now