ကံကောင်းတာလား ကံဆိုးတာလား
သေချာမပြောတတ်။
Company က ကျွန်တော်တို့အဖွဲ့ရှိရာကို
project တစ်ခုချပေးသည်။
နိူင်ငံခြားနဲ့ပူပေါင်းလုပ်ကိုင်ရမည်ဖြစ်တာကြောင့်
အတွေ့အကြုံရှိသူကို အဖွဲ့မှူးနဲ့အတူ
တွဲဖက်လုပ်ကိုင်ရန် စီစဉ်ထားသော
နေရာတွင် ကျွန်တော်
ရွေးချယ်ခံလိုက်ရသည်။
တကယ်တော့ ဒီproject ဟာ ကျွန်တော့်ရဲ့
ကံဆိုးမိုးမှောင်ကျမှုဖြစ်ကြောင်းကို အခုမှ
သဘောပေါက်သွားရသည်။
Chanyeol သည် Baekhyun ဘာလုပ်လုပ်
ဘာတစ်ခုမှအလိုမကျ။
စကားအကောင်းတစ်ခွန်းမှမပြောပါ။
တင်ပြချက်တိုင်းကို
ပြင်းပြင်းထန်ထန်ကန့်ကွက်တတ်ပြီး
Idea တိုင်းကို အလုံးစုံပယ်ချပစ်သည်။
ဟိုတစ်နေ့ကဆိုလျှင်
နေ့လည်စာစားချိန်ကျော်ပြီးနောက်
ကော်ဖီသောက်ရန်ထွက်လာခဲ့စဉ်
ငယ်ငယ်က ကော်ဖီသောက်ရမယ်ဆို
အမြဲအပျော်ဆုံးဖြစ်သွားတတ်သူကို
မြင်ယောင်လာတာကြောင့်
Baekhyun အပိုဝယ်သွားဖြစ်သည်
ဘာစိတ်မှမပါပဲ ကိုယ့်အဖွဲ့မှူးကို
ကော်ဖီတစ်ခွက်တော့ ဝယ်တိုက်လို့ရတယ်မလား။
Chanyeol တစ်ယောက်ထဲအတွက်မဟုတ်ပါ။
အဖွဲ့သားအားလုံးကို သေချာဝေပေးပြီးနောက်မှ
Chanyeol အလုပ် လုပ်နေတဲ့စားပွဲအပေါ်
သူကြိုက်တတ်သော
ကော်ဖီအမျိုးအစား
ဖျော်ထားသည့်ခွက်ကို
တင်ပေးမိတဲ့အခါတုံ့ပြန်မှုသည်
" နောက်ဆို ဒီလိုအရေးမပါတာတွေ လုပ်မယ့်အစား
အလုပ်သာသေချာလုပ်ပေးပါ
ကော်ဖီမကြိုက်ဘူး ပြန်ယူသွား"
baekhyun သည် ဘာမှပြန်မပြောတော့ပဲ
ကော်ဖီခွက်ကိုပြန်ယူကာ ထွက်လာခဲ့လိုက်သည်။
လုပ်ငန်းခွင်တွင် အထက်လူကြီးက
ကိုယ့်ကိုမကြည်ဘူးဆိုတဲ့ ဒုက္ခကိုနဖူးတွေ့ဒူးတွေ့
ခံစားနေရသလိုထင်ရသည်
ဘာပဲပြောပြော
သည်းခံတယ်ဆိုတာလဲ အတိုင်းအတာရှိ၏
ဒီကောင်နည်းနည်းတော့များနေပြီမဟုတ်ဘူးလား။အလုပ်နဲ့ကိုယ်ရေးကိုယ်တာတောင်မခွဲခြားနိူင်ဘူးလား။ ဘာလုပ်လုပ်ဘာတစ်ခွန်းမှအကောင်းမပြောတော့ဘယ်လိုလုပ်ရမှာလဲ။
Part 4
Start from the beginning
