ကြိုဆိုပွဲဆိုတဲ့နေရာကိုရော chanyeol လာမှာလား
ဆိုတဲ့မေးခွန်းတွေသာ တစ်ဝဲလည်လည်။
" Baekhyun ? "
စီနီယာ၏ နောက်ထပ်စကားသံကိုကြားတော့မှ
baekhyun စိတ်ထိန်းကာလှမ်းကြည့်ရသည်။
အသိစိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေသော Baekhyun ကို စီနီယာက ထပ်မေးလာ၏
" ဒီနေ့အဆင်ပြေတယ်မလား ကြိုဆိုပွဲလုပ်ဖို့ "
" ဟုတ်ပြေပါတယ် "
ခေါင်းငြိမ့်ဖြေလိုက်ပေမယ့်
သူဘာဖြေမိလိုက်လဲဆိုတာ
သေချာမသိလိုက်ပါ။
အရမ်းစူးနင့်လာသော နှလုံးသားကြောင့်
အမြန်စကားလမ်းကြောင်းပြောင်းရင်း
လေကောင်းလေသန့်ရနိူင်သည့်နေရာတစ်ခုကို
ပြေးထွက်လာခဲ့မိသည်
ဘယ်နေရာသို့ ပြေးလာခဲ့မိလဲကျွန်တော်မသိ။
မရပ်မနားပြေးလာရင်းမှ ခြေလှမ်းတွေအဆုံးဟာ
ကုမ္ပဏီ၏
ခေါင်းမိုးထပ်ဖြစ်နေခဲ့သည်။
အမြင့်မှမြင်နေရသော ရှုခင်းကြီးကို
အသက်မရှိသလို
အသံတိတ်ရပ်ငေးနေမိရာမှ Baekhyun ၏
မျက်ရည်တွေဝဲတတ်လာခဲ့သည်။
ကျွန်တော်ထင်ထားခဲ့သလိုပဲ။
နှစ်ပေါင်းများစွာ ဒီအချိန်ကိုရင်ဆိုင်ဖို့
ပြင်ဆင်ထားခဲ့ပေမယ့်
လက်တွေ့မှာတော့ ကျွန်တော်ဟာ
လုံးဝနေသားမကျစွာနဲ့ ရင်ဘတ်တွေ
မနေနိူင်အောင် ထိုးအောင့်လာခဲ့တယ်
ထို သူစိမ်းဆန်တဲ့အကြည့်တွေကို
ဘယ်လိုစိတ်နဲ့ကျွန်တော်
ရှေ့ဆက်မျက်နှာချင်းဆိုင်ရမှာလဲ
အနည်းဆုံးတော့ ..
အနည်းဆုံးတော့ ???
ဘာတွေကိုမျှော်လင့်နေမိခဲ့တာလဲ
ကျွန်တော်တကယ်
တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ပဲ
ဘယ်လောက်ပဲ နာကျင်ရတဲ့အမှန်တရားဖြစ်ပါစေ
ကျွန်တော်လက်ခံရလိမ့်မယ်
Chanyeol ကျွန်တော့်ကိုမုန်းသွားခဲ့ပြီပဲ
ဖြစ်တယ်
🚶🚶
"Baekhyun
ဒီနေ့ ရှင်းဒုံလမ်းက
အဆောက်အဦးကိုတစ်ချက်သွားပေးပါ
အဖွဲ့မှူး မှာလိုက်တဲ့စာရွက်စာတမ်းတွေလည်း ယူသွားပေးနော် "
Part 3
Start from the beginning
