လှမ်းကြည့်လာသော
အေးစက်စက်အကြည့်တွေ။

အလွန်နွေးထွေးတတ်တဲ့လူတစ်ယောက်အနေနဲ့
သာ ကျွန်တော့် မှတ်ဉာဏ်တွေကိုစိုးမိုးထားသူက
ဘာကြောင့် အရမ်းပြောင်းလဲသွားတယ်လို့
ခံစားရပါသလဲ

​baekhyun မျက်လုံးတွေမှိတ်ချကာ
သက်ပြင်းချမိသည်။

နှုတ်ဆက်စကားတစ်ခွန်းပင်ပြောခွင့်မပေးသူကို
အပြစ်မတင်နိူင်ပါ

အဘယ်ကြောင့်ဆိုသော်
ထိုရင်နာနေသော အကြည့်တွေကို
ဖန်တီးခဲ့တာ ကျွန်တော်ကိုယ်တိုင်မို့လို့ ဖြစ်သည်။

" အဆင်ပြေလား Baekhyun
ဘာတဲ့လဲ အော်လိုက်လို့လား "

အခန်းရှေ့မှာရပ်နေတဲ့baekhyun ​၏
မျက်နှာမကောင်းတာကြောင့် စီနီယာက လှမ်းမေးလာခြင်းဖြစ်သည်။Baekhyun ခေါင်းခါပြမိသည်။

" မဟုတ်ပါဘူး စီနီယာ "

" အေး စိတ်ထဲမထားနဲ့သူကအဲ့လိုပဲ
နည်းနည်း စကားပြောလို့မကောင်းဘူး"

အခြားလူတွေက ဒီလိုပြောယူရလောက်တဲ့အထိ Chanyeol ဟာ ဆက်ဆံရေးမကောင်းသူမဟုတ်ခဲ့ပါ 
ရန်ဖြစ်ရင်တောင် အရင်တောင်း ပန်တတ်ခဲ့သူ။
အမြဲတမ်းအပြုံးနုနုလေးနဲ့နွေးထွေးနေခဲ့သူ။
chanyeol က ကျွန်တော်မြင်ဖူးသမျှလူတွေအားလုံးထဲမှာ သဘောအကောင်းဆုံးလူဖြစ်ခဲ့သည်။

Baekhyun သည် တံခါးပိတ်ထားသော
အခန်းငယ်ရှိ ရာကိုပြန်ငှဲ့မိကြည့်မိသည် 

ပြောင်းလဲတယ်လို့ခံစားရတာ မဟုတ်ပါ
ကျွန်တော့် ချစ်သူသည်
အများကြီးပြောင်းလဲသွားခဲ့တာ ဖြစ်နိူင်သည်

" ဒီနေ့ည baekhyun ရဲ့ကြိုဆိုပွဲအနေနဲ့
ညစာစားပွဲရှိတယ်နော် "

ထပြောလာသော စကားကြောင့် baekhyun
စီနီယာကိုလှမ်းကြည့်မိ​၏

" မနေ့က အဖွဲ့မှူးမရှိလို့
ဒီနေ့ကိုအစီအစဉ်ပြောင်းလိုက်တာ
အဆင်ပြေတယ်မလား baekhyun "

Baekhyun သည်ထိုမေးခွန်းကို
ချက်ချင်းပြန်မဖြေနိူင်လိုက်ပါ။
ခေါင်းထဲမှာ Chanyeol ​၏
လှမ်းကြည့်လာသောအကြည့်တွေနဲ့သာ
ပြည့်နှက်နေပြီး

Wrong LinesUnde poveștirile trăiesc. Descoperă acum