ခေါင်းငုံ့ထားသူသည် အနားကိုလျှောက်လာသော
ခြေသံကိုကြားသည့်အခါမှ
ခေါင်းမော့ကြည့်လာသည်။
Baekhyun ၏ခြေလှမ်းတွေရပ်တန့်သွားခဲ့သည်
တစ်ပြိုင်နက်တည်းမှာ နှလုံးသားရဲ့
သွေးခုန်နှုန်းများလည်း ရပ်တန့်သွားခဲ့ပါ၏
Chanyeol ??
Baekhyun ၏မျက်လုံးအိမ်များ
ပြူးကျယ်သွားခဲ့ပေမယ့်
တစ်ဖက်လူကတော့ Baekhyun မြင်တဲ့အခါ
အကြည့်များက လွန်စွာအေးစက်သွားခဲ့သည်
ခက်ထန်တည်တင်းသွားသော မျက်နှာထားကို မြင်လိုက်ရတဲ့အခါ Baekhyun သည်
သူ့စိတ်သူ အမြန်ထိန်းလိုက်မိသည်
သို့သော် သူ၏လက်ချောင်းတွေကတော့
တစ်ဆတ်ဆတ်တုန်ယင်လာခဲ့သည်
Baekhyun သည်ခေါင်းငုံ့အရိုအသေပေးကာ
နှုတ်ဆက်လိုက်သည်
" ဒီနေ့ အလုပ်စဝင်တဲ့ Byunbaekhyun ပါ
တွေ့ရတာဝမ်းသာပါတယ် အဖွဲ့မှူး "
ကျွန်တော့်ကို ပထမဆုံးမြင်လိုက်တဲ့တစ်ကြိမ်သာ လှမ်းကြည့်၍ အကြည့်လွှဲသွားခဲ့သူသည်
စာရွက်တွေကို တစ်ရွက်ချင်းလှန်၍
လုပ်စရာရှိတာ ဆက်လုပ်နေသည်
" ဟုတ်ကဲ့ သွားလို့ရပြီ "
တင်းမာခြင်းမရှိသော်လည်း
မပျော့ပျောင်းသော အမိန့်သံ။
မတွေ့တာကြာသူ၏ ဘေးတစ်ခြမ်းစောင်းမျက်နှာကိုမသိမသာလှမ်းငေးရင်း baekhyun ၏တစ်ကိုယ်လုံး
အေးစက်လာခဲ့သည်။
Baekhyun သည်
ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး
ရုံးခန်းထဲမှထွက်လာခဲ့သည်။
အခန်းတံခါးကိုပြန်ပိတ်ပေးခဲ့ပြီးနောက်မှ
ခွေကျတော့မည့် ခြေထောက်တွေကို
အခန်းတံခါးကို ကျောမှီရပ်ရင်း ထိန်းလိုက်မိသည်။
ဒါ ကျွန်တော်သိတဲ့
Chanyeol ဟုတ်တယ်မလား။
မထင်မှတ်သော တွေ့ဆုံမှုကြောင့်
ရင်ဘတ်တွေပြုတ်ထွက်လုမတတ်ခုန်ပေါက်
နေပေမယ့် မပြောပြတတ်အောင်
ပိတ်ဆို့လာသောဝမ်းနည်းမှုထုထည်ကြောင့်
ခံစားချက်တွေပြည့်ကြပ်လာသည်။
Part 3
Start from the beginning
