Baekhyun သည် အသက်မပါစွာပြုံးမိပြီး
ဆိုဘယ်လ်ပင်ကြီးကိုမော့ကြည့်ဖြစ်သည်

တကယ်တော့ ကျွန်တော့်ခေါင်းထဲက မေးခွန်းတွေရဲ့အဖြေကို ကျွန်တော်သိပြီးသားဖြစ်သည်။

ထိုသူဟာ ဒီနေရာကို
ထပ်မံရောက်မလာနိူင်တော့သလို
စတော်ဘယ်ရီကိတ်မုန့်တွေ
အကြောင်းကိုလည်းလုံးဝ
မေ့ပစ်လိုက်တာ
ဖြစ်နိူင်ပါသည်။

အဲ့လိုပဲဖြစ်ပါလိမ့်မည်။

အဲ့လိုဖြစ်အောင်
ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တာကြောင့်ပဲ
ဖြစ်သည်။

🚶🚶

" Baekhyun  အဖွဲ့မှူးခရီးက ပြန်ရောက်လာပြီ
သွားနှုတ်ဆက်လိုက်အုန်း"

" ဪ ဟုတ်စီနီယာ "

ထိုင်နေသောထိုင်ခုံနားအထိလျှောက်လာ၍
ပြောပေးသော စီနီယာကို
baekhyun ကျေးဇူးတင်စကားပြောပြီး
အဖွဲ့မှူးရှိရာအခန်းကို
တစ်ချက်လှည့်ကြည့်ဖြစ်သည်။

" စကားပြောတာပြတ်ပြီး သဘောမကောင်းပေမယ့် အဖွဲ့မှူးက စိတ်ရင်းတော့ကောင်းပါတယ်
နည်းနည်း out of social မို့လို့ရင်းနှီးဖို့တွေဘာတွေတော့ မမျှော်လင့်ထားနဲ့ "

Baekhyun သည် အတင်းပြောသလို
လေသံလျော့ပြီး လှမ်းပြောနေတဲ့
​စီနီယာကိုတစ်ချက်ပြုံးပြပြီး
အဖွဲ့မှူး​၏ အခန်းရှိရာသို့လျှောက်သွားလိုက်သည်။
အဝတ်အစားကိုအနည်းငယ်
သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီးမှ
တံခါးရှေ့တွင်ရပ်လိုက်​၏

ဒေါက် ဒေါက်

တံခါးခေါက်လိုက်တဲ့အခါ အထဲမှတုံ့ပြန်သံကို
ကြားရသည်။

" ဝင်ခဲ့ "

ခွင့်ပြုချက်ကိုကြားရတဲ့အခါ Baekhyun သည်
တံခါးကိုဖြည်းဖြည်းချင်းတွန်းဖွင့်ရင်းဝင်လာခဲ့သည်
ရုံခးန်းကအလွန်သပ်ရပ်လိုက်တာ
ဆိုတဲ့ခံစားချက်မျိုးရသည်။
အခန်း​၏အလယ်တည့်တည့်မှာရှိနေသော
စားပွဲတွင်ထိုင်နေသူက အဖွဲ့မှူးဖြစ်လောက်မည်။စာရွက်စာတမ်းတွေကို
ဖတ်ရှုနေသူ​၏ မျက်နှာကိုသေချာမမြင်ရပါ

Baekhyun ရောက်နေတာသိသော်လည်း
ဘာတစ်ခွန်းမှမပြောပဲ
တစ်ချက်ပင်မကြည့်တာကြောင့်
baekhyun သည် ထိုစားပွဲအနား
လျှောက်သွားလိုက်သည်။

Wrong LinesWhere stories live. Discover now