မီးရောင်စုံလင်းနေသော ကိတ်မုန့်ဆိုင်တစ်ခုရှေ့ကိုရောက်တဲ့အခါ ဆိုင်ရှေ့တွင်ခင်းထားသော
ကိတ်မုန့်တွေကြားမှ စတော်ဘယ်ရီသီးများအပြည့်နဲ့
ပြုလုပ်ထားသော ကိတ်မုန့်လေးကို baekhyun
အသိစိတ်မဲ့စွာရပ်ငေးမိသည်။
ခရစ်စမတ်နေ့ရောက်တိုင်း ကျွန်တော်ကြိုက်သော
စတော်ဘယ်ရီကိတ်ဝယ်လာပေးတတ်သူကို မြင်ယောင်လာမိ၏။
ဝေးကွာသွားခဲ့သည့်နောက်ပိုင်း
ကျွန်တော် တစ်ခါမှ မစားဖြစ်တော့သည့်
ကိတ်မုန့်တစ်ခုပဲ
ဘာကြောင့်မှန်းမသိပေမယ့်
စတော်ဘယ်ရီကိတ်ဆိုတာ
သူနဲ့အတူစားဖို့ပဲဖြစ်တယ်လို့
ကျွန်တော်တစ်ယူသန်တွေးဖြစ်တယ်
ဘာကိတ်မုန့်ကြိုက်တတ်လဲလို့ ထိုသူမေးခဲ့တုန်းက
စတော်ဘယ်ရီကိတ်ကြိုက်တယ်လို့ဖြေခဲ့တာဟာ
တကယ်တော့ ကျွန်တော့်ထပ် ထိုသူကြိုက်မှန်းသိလို့ ဖြေခဲ့တယ်ဆိုတဲ့ ချစ်စရာအကြောင်းလေးတွေ
တောင် ထိုသူအားပြောပြဖြစ်ခဲ့ပါရဲ့လား။
ထိုသူကရော ကျွန်တော်မရှိတော့တဲ့နောက်ပိုင်းမှာ
ဒီကိတ်ကို တစ်ယောက်ထဲစားဖြစ်သလား။
နှစ်ပတ်လည်တိုင်း အမြဲတွေ့နေကြ
အထက်တန်းကျောင်းနောက်ဘက်က
ထိုင်ခုံလေးရှိရာသို့ ထိုသူရောက်ဖြစ်သေးပါသလား။
သိချင်စိတ်တွေနဲ့တစ်လှမ်းခြင်းလျှောက်ခဲ့တဲ့အခါ
ကျွန်တော်ကိုယ်တိုင် ထိုထိုင်ခုံတန်းငယ်လေးဆီကို
ရောက်လာခဲ့ဖြစ်တယ်
အရင်က ချောင်ကျပြီးအနည်းငယ်မှောင်မိုက်သော နေရာလေးဖြစ်ခဲ့ပေမယ့် အခုတော့
ခရစ်စမတ်အပြင်အဆင်များနဲ့ ဆိုဘယ်လ်ပင်ကြီးတစ်ခုလုံး ထိန်ထိန်လင်းကာ လှချင်တိုင်း
လှနေသည်။
အမှတ်တရ နေ့မှာ အမှတ်တရတွေရှိခဲ့သော နေရာသို့ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာရတဲ့
ခံစားချက်က အလွန်အထီးကျန်လွန်းပါ၏။
ခပ်လှမ်းလှမ်းမှာရှိတဲ့ ကားလမ်းမတစ်ဖက်မှာ
တစ်ရွေ့ရွေ့ကျောခိုင်းလျှောက်သွားတဲ့
လူတစ်ယောက်ရဲ့ ကျောပြင်က
ထိုသူနဲ့ဆင်တူလိုက်တာ။
Part 3
Start from the beginning
