"ပြီးရင် အဖွဲ့မှူးကိုလည်း သွားနှုတ်ဆက်လိုက်အုန်း ဟိုက ညာဘက်ခြမ်းက
အခန်းထဲဝင်သွားလိုက်ရင်ရတယ် "
စီနီယာ ညွှန်ပြလာသောအခန်းကို Baekhyun လှမ်းကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်
" ဟုတ်ကဲ့ စီနီယာ "
" အခုတော့မရှိသေးဘူး အလုပ်ခရီးသွားတာ
မနက်ဖြန်မှပြန်ရောက်မယ်ထင်တယ် "
" ဪ ဟုတ်"
" ဒီမှာ baekhyun ထိုင်ရမယ့်စားပွဲ ။
တစ်ခုခုသိချင်တာရှိရင် အားမနာပဲ
ဘယ်သူ့ကိုမဆိုမေးလို့ရတယ်နော်
နောက်ဆိုအတူတူအလုပ်လုပ်ရမယ့်လူတွေအချင်းချင်း စိတ်ထဲသက်သောင့်သက်သာပဲထား"
" ဟုတ် စီနီယာ
ကျေးဇူးတင်ပါတယ် "
" ရတယ် ရတယ်
ကျေးဇူးတင်ရင် နောက်မှကော်ဖီလိုက်တိုက် ဟုတ်ပြီလား "
baekhyun သည် ကူညီပေးသော စီနီယာအကို ကို
ထပ်မံကျေးဇူးတင်စကားပြောလိုက်ပြီးနောက်
ကော်ဖီအပြင် ညစာပါလိုက်ကျွေးဖို့အထိစဉ်းစားမိသည်။ဒီအစ်ကိုကြောင့် ပထမဆုံးရုံးတတ်ရက်က
ထင်ထားတာထပ်အများကြီးအဆင်ပြေခဲ့သည်။
ကျေးဇူးတင်စိတ်နဲ့ နောက်တစ်ခေါက်
ထပ်မံနှုတ်ဆက်ပြီးနောက်တွင်မှ
နေရာပေးထားသောထိုင်ခုံတွင်
ဝင်ထိုင်ဖြစ်သည်။
ပထမဆုံးနေ့မို့သိပ်သက်သောင့်သက်သာ
မရှိပေမယ့်နောက်ဆို နေသားကျသွားမှာဆိုတဲ့
စိတ်နဲ့ပဲ လုပ်စရာရှိတာလုပ်ရင်း တစ်နေ့တာက
အလွန်လျှင်မြန်စွာကုန်ဆုံးသွားခဲ့၏။
Us မှာရော ဒီမှာရော။
ဘာမှမထူးခြား။
အသက်ရှင်ရတဲ့နေ့ရက်တိုင်းက
အဓိပ္ပာယ်မဲ့နေသည်။
ဘာအတွက်ရှင်သန်နေရတာလဲဆိုတာကို ထိုင်စဉ်းစားနေမိတဲ့အချိန်တိုင်း အလုပ်တွေသာ
အစွမ်းကုန်လုပ်ခဲ့သည်
ရလဒ်အနေနဲ့ ကျွန်တော်ဟာ တစ်နေ့ထပ်တစ်နေ့
အများကြီးအထီးကျန်လာရသည်။
အလုပ်ကပြန်သည့်လမ်းတစ်လျှောက်လုံး
ခရစ်စမတ်ညမို့စည်ကားနေကြ၏။
အရွယ်မျိုးစုံသော လမ်းသွားလမ်းလာတွေကြားထဲ
ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ရင်း
တစ်လှမ်းခြင်းလျှောက်နေသော ကျွန်တော်သာလျှင်
ပျော်ရွှင်မှုတွေလေလွင့်နေသလိုခံစားရသည်။
Part 3
Start from the beginning
